DRPA က ၅ မိုင်အထိ ပစ်လွှတ်နိုင်တဲ့ ရှော့တိုက်ဒုံးစမ်းသပ်အောင်မြင် အသုံးပြုနိုင်ပြီဖြစ်

ဇွန်လ ၈ ရက်နေ့။

အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်၊ (DRPA) တပ်မဟာ(၁)၊ တပ်ရင်း(၁)၊ တပ်ခွဲ(၁) နွေဦးညီနောင် အဖွဲ့က စမ်းသပ်ထုတ်လုပ် အသုံးပြုနေတဲ့ ဝေးပစ်ရှောတိုက်ဒုံးတွေကို ဇွန်လ ၈ ရက်မနေ့က ပြည်သူကိုပြသခဲ့ပါသည်။

ရှောတိုက်ဒုံးတွေဟာ ယမ်းပါဝင်မှုအပေါ် မူတည်ပြီး ၃-၅ မိုင်အကွာအဝေးထိရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။

“ခုဟာက ရှောစင်တွေနဲ့ဆိုတော့ ၃ မိုင်ပတ်လည်ဆိုရင် ပစ်မှတ်ကိုတိတိကျကျပစ်နိုင်တယ် ၅ မိုင်ကျော်သွားရင်တော့ ပို့ယမ်းပေါ်မူတည်ပြီးတော့ ၃ မိုင်ပို့ယမ်းကိုသုံးမှာလား ၅ မိုင်ပို့ယမ်းကို သုံးမှာလား ယမ်းပေါ်မူတည်ပြီး၊

၅ မိုင်အထိဆိုရင်တော့ တိကျတယ်ကျော်သွားရင်တော့ မတိကျနိုင်ဘူး။ တိတိကျကျပစ်ချင်ရင် ၃ မိုင်အတွင်းကို ပစ်လို့ရတယ်”လို့ DRPAရဲ့ တာဝန်ရှိသူက ပြောပါသည်။

အဲဒီရှောတိုက်ဒုံးတွေကို လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဒီပဲယင်း ရဲစခန်းနဲ့ကင်းစခန်း တို့ကို မကြာခဏသွားပစ်ဘူးပြီး သေသေချာချာ အလုံးတိုင်းကိုအောင်မြင်အောင် ပစ်နိုင်တဲ့အထိထုတ်လုပ်နိုင်တဲ့အတွက် ခုမှထုတ်ပြန်တာဖြစ်တယ်လို့ သူကဆက်ပြောပါသည်။

DRPAအဖွဲ့ဟာ ရှောတိုက်ဒုံးအမြောက်အများကို ထုတ်လုပ် တပ်ဆင်အသုံးပြုနေသလို ဆက်လက်ပြီးပိုမိုအဆင့်မြင့်တဲ့ ဒုံးလက်နက်များ တီထွင်ကြံဆထုတ်လုပ်သွားမှာဖြစ်ကြောင်းလည်း သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။

Zawcode:

Leave a Reply

Your email address will not be published.