ဖျာပုံခရိုင်တရားသူကြီးနှင့် ဒုရဲအုပ်တို့ တရားခွင်တွင် ရန်ဖြစ် သေနတ်ဆွဲထုတ်လို့…see more

ဖျာပုံခရိုင်တရားသူကြီးနှင့် ဒုရဲအုပ်တို့ တရားခွင်တွင် ရန်ဖြစ် သေနတ်ဆွဲထုတ်လို့…see more

ဖျာပုံခရိုင်တရားသူကြီးနှင့် ဒုရဲအုပ်တို့ တရားခွင်တွင် ရန်ဖြစ် သေနတ်ဆွဲထုတ်လို့…see more

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ဇွန် ၅ ရက် မွန်းလွဲပိုင်းက ဖျာပုံခရိုင်တရားသူကြီးနဲ့ ဒုရဲအုပ်တို့ စကားများရန်ဖြစ်ခဲ့ကြတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံက သိရပါတယ်။

ခရိုင်တရားသူကြီး ဒေါ်သူဇာအေးနဲ့ အမှုစစ်အရာရှိ ဒုရဲအုပ် ဝေလင်းတို့ တရားခွင်မှာ ထစကားများရာကနေ ဒုရဲအုပ်က သေနတ်ဆွဲထုတ်လို့ ဘေးကလူတွေကပါ ဝိုင်းဆွဲခဲ့ရတယ်လို့ ဆိုပါတယ်။

တရားရုံးနဲ့ နီးစပ်သူတဦးက “တရားခွင်ထဲမှာပဲဖြစ်တာ တရားသူကြီးကလည်း အော်တယ်။ ကိုဝေလင်းကလည်း အော်တယ်။

တယောက် တခွန်းအော်တာ အဲ့မှာ တရားသူကြီးက ဒုရဲအုပ်အဆင့်လောက်နဲ့ လာမခြောက်နဲ့ ပြောလိုက်တော့ ကိုဝေလင်းက သေနတ်ဆွဲထုတ်တာ၊ ဘေးက အားလုံးဝိုင်းထိန်းလိုက်လို့ ဘာမှတော့မဖြစ်သွားဘူး”လို့ ပြောပါတယ်။

ဒုရဲအုပ် ဝေလင်းက သေနတ်ဆွဲထုတ်ချိန်မှာ တရားသူကြီးက သေနတ်နဲ့ဆိုပြီး ကြောက်မယ်မထင်နဲ့ ပြောဆိုတာကြောင့် ဘေးနားက တရားရုံးက ဝန်ထမ်းတွေနဲ့ ရုံးချိန်လာသူတွေပါ တောင်းပန်ပြီး ဒုရဲအုပ်ကို ဝင်ဆွဲခဲ့ရတယ်လို့ ဆိုပါတယ်။

အခုလို စကားများရန်ဖြစ်ရတဲ့အကြောင်းအရင်း အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလပိုင်းက ခရိုင်တရားသူကြီးရဲ့ နေအိမ် မီးလောင်ကျွမ်းခဲ့ပေမယ့် အရေးယူရမယ့်အဖွဲ့အစည်းတွေက တရားစွဲဆိုခြင်းမရှိဘူးလို့ ဒေသခံတွေထံက သိရပါတယ်။

crd

ဖ်ာပုံခ႐ိုင္တရားသူႀကီးႏွင့္ ဒုရဲအုပ္တို႔ တရားခြင္တြင္ ရန္ျဖစ္ ေသနတ္ဆြဲထုတ္လို႔…see more

ဧရာဝတီတိုင္း၊ ဖ်ာပုံၿမိဳ႕နယ္မွာ ဇြန္ ၅ ရက္ မြန္းလြဲပိုင္းက ဖ်ာပုံခ႐ိုင္တရားသူႀကီးနဲ႔ ဒုရဲအုပ္တို႔ စကားမ်ားရန္ျဖစ္ခဲ့ၾကတယ္လို႔ တရား႐ုံးနဲ႔နီးစပ္သူေတြထံက သိရပါတယ္။

ခ႐ိုင္တရားသူႀကီး ေဒၚသူဇာေအးနဲ႔ အမႈစစ္အရာရွိ ဒုရဲအုပ္ ေဝလင္းတို႔ တရားခြင္မွာ ထစကားမ်ားရာကေန ဒုရဲအုပ္က ေသနတ္ဆြဲထုတ္လို႔ ေဘးကလူေတြကပါ ဝိုင္းဆြဲခဲ့ရတယ္လို႔ ဆိုပါတယ္။

တရား႐ုံးနဲ႔ နီးစပ္သူတဦးက “တရားခြင္ထဲမွာပဲျဖစ္တာ တရားသူႀကီးကလည္း ေအာ္တယ္။ ကိုေဝလင္းကလည္း ေအာ္တယ္။

တေယာက္ တခြန္းေအာ္တာ အဲ့မွာ တရားသူႀကီးက ဒုရဲအုပ္အဆင့္ေလာက္နဲ႔ လာမေျခာက္နဲ႔ ေျပာလိုက္ေတာ့ ကိုေဝလင္းက ေသနတ္ဆြဲထုတ္တာ၊ ေဘးက အားလုံးဝိုင္းထိန္းလိုက္လို႔ ဘာမွေတာ့မျဖစ္သြားဘူး”လို႔ ေျပာပါတယ္။

ဒုရဲအုပ္ ေဝလင္းက ေသနတ္ဆြဲထုတ္ခ်ိန္မွာ တရားသူႀကီးက ေသနတ္နဲ႔ဆိုၿပီး ေၾကာက္မယ္မထင္နဲ႔ ေျပာဆိုတာေၾကာင့္ ေဘးနားက တရား႐ုံးက ဝန္ထမ္းေတြနဲ႔ ႐ုံးခ်ိန္လာသူေတြပါ ေတာင္းပန္ၿပီး ဒုရဲအုပ္ကို ဝင္ဆြဲခဲ့ရတယ္လို႔ ဆိုပါတယ္။

အခုလို စကားမ်ားရန္ျဖစ္ရတဲ့အေၾကာင္းအရင္း အေသးစိတ္ကိုေတာ့ မသိရေသးပါဘူး။

ၿပီးခဲ့တဲ့ ဇန္နဝါရီလပိုင္းက ခ႐ိုင္တရားသူႀကီးရဲ႕ ေနအိမ္ မီးေလာင္ကြၽမ္းခဲ့ေပမယ့္ အေရးယူရမယ့္အဖြဲ႕အစည္းေတြက တရားစြဲဆိုျခင္းမရွိဘူးလို႔ ေဒသခံေတြထံက သိရပါတယ္။

crd


Leave a Reply

Your email address will not be published.