တန႔္ၾကည္ေတာင္ဘုရားတြင္ ဘုရားဖူးလာေရာက္သည့္ ကားအား မတိုက္ခိုက္မီ လႈပ္ရွားမႈ CCTV မွတ္တမ္း

တန႔္ၾကည္ေတာင္ဘုရားတြင္ ဘုရားဖူးလာေရာက္သည့္ ကားအား မတိုက္ခိုက္မီ လႈပ္ရွားမႈ CCTV မွတ္တမ္း

တန႔္ၾကည္ေတာင္ဘုရားတြင္ ဘုရားဖူးလာေရာက္သည့္ ကားအား မတိုက္ခိုက္မီ လႈပ္ရွားမႈ CCTV မွတ္တမ္း

ရုပ္သံကို ေအာက္ဆံုးတြင္ ေဖာ္ျပထားပါသည္…။

မေကြးတိုင္းေဒသႀကီး၊ ပခုကၠဴၿမိဳ႕နယ္၊ တန႔္ၾကည္ေတာင္ဘုရားအား ဖူးေျမာ္ၾကည္ညိဳရန္လာေရာက္သည့္ ဘုရားဖူးယာဥ္အား မေန႔က နံနက္ပိုင္းတြင္

အၾကမ္းဖက္သမားမ်ားက ဘုရားကုန္းေပၚသို႔ တက္ေရာက္သည့္ လမ္း၌ လက္နက္ငယ္မ်ားျဖင့္ အေၾကာင္းမဲ့ပစ္ခတ္သျဖင့္ ဘုရားဖူးျပည္သူ တစ္ဦး ေသဆုံးခဲ့ေၾကာင္း သိရွိရသည္။

ျဖစ္စဥ္မွာ တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ၿမိဳ႕နယ္၊ ေရွာ္ေတာေမွာ္ ေက်းရြာ ေနထိုင္သည့္ ဦးျမင့္သန္း (ဘ) ဦးစိန္ (၆၉)ႏွစ္ သည္ မိသားစုဝင္ ၆ ဦး ႏွင့္အတူ

ဧည့္လမ္းညႊန္တစ္ဦးလိုက္ပါ၍ နံနက္ ၇ နာရီ ၄၀ မိနစ္ခန႔္တြင္ ေညာင္ဦးၿမိဳ႕နယ္၊ ေတာင္ဘီေက်းရြာ၊ ဗူးဘုရား စက္ေလွဆိပ္မွ စက္ေလွျဖင့္

မေကြးတိုင္းေဒသႀကီး၊ ပခုကၠဴၿမိဳ႕နယ္ဘက္အျခမ္းရွိ တန႔္ၾကည္ေတာင္ဘုရား အား ဖူးေမၽွာ္ၾကည္ညိဳရန္ သြားေရာက္ခဲ့ေၾကာင္း၊

တန႔္ၾကည္ေတာင္ေက်းရြာ ဆိပ္ကမ္းသို႔ေရာက္ရွိၿပီး Hijet အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ျဖင့္ ဘုရားကုန္း ေပၚသို႔ ဆက္လက္ထြက္ခြာလာစဥ္

နံနက္ ၈ နာရီခြဲခန႔္တြင္ ဘုရားကုန္းလမ္း တစ္ဝက္သို႔အေရာက္၌ အၾကမ္းဖက္သမားမ်ားက လက္နက္ငယ္ မ်ားျဖင့္ အေၾကာင္းမဲ့ပစ္ခတ္တိုက္ခိုက္ခဲ့ ေၾကာင္း၊

ထိုသို႔ ပစ္ခတ္မႈမ်ားေၾကာင့္ ဦးျမင့္သန္း တြင္ လက္နက္ငယ္က်ည္ ထိမွန္ဒဏ္ရာမ်ား ရရွိခဲ့သျဖင့္ စက္ေလွ၊ ပုဂံလူမႈ ကူညီေရးအသင္းမွ ေမာ္ေတာ္ယာဥ္တို႔ျဖင့္

ေညာင္ဦးျပည္သူ႔ေဆး႐ုံ သို႔ပို႔ေဆာင္ ေဆးကုသမႈခံယူေစခဲ့ေသာ္လည္း ရရွိဒဏ္ရာျဖင့္ နံနက္ ၁၀ နာရီ ခန႔္တြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရွိရသည္။

အၾကမ္းဖက္သမားမ်ား၏ ဆင္ျခင္တုံတရား ကင္းမဲ့စြာ ယခုကဲ့သို႔ အေၾကာင္းမဲ့ပစ္ခတ္မႈေၾကာင့္ စိတ္ေအးခ်မ္းသာစြာ ဘုရားဖူး လာေရာက္သည့္ အျပစ္မဲ့ျပည္သူတစ္ဦး ေသဆုံးခဲ့ရမႈႏွင့္ပတ္သက္၍

က်န္ရစ္ သူမိသားစုမ်ားႏွင့္အတူ ေဒသခံျပည္သူမ်ားအေနျဖင့္ ဝမ္းနည္းစိတ္မေကာင္းမႈ မ်ား ျဖစ္ေပၚလ်က္ရွိၿပီး

ယခုကဲ့သို႔ အၾကမ္းဖက္လုပ္ရပ္မ်ား လုပ္ေဆာင္ခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ဝိုင္းဝန္းကန႔္ကြက္ရႈံ႔ခ်လ်က္ရွိ ေၾကာင္းႏွင့္

လုံျခဳံေရးတပ္ဖြဲ႕မ်ားအေနျဖင့္ နယ္ေျမလုံျခဳံေရးလုပ္ငန္းမ်ားအား တိုးျမႇင့္ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

unicode

တန့်ကြည်တောင်ဘုရားတွင် ဘုရားဖူးလာရောက်သည့် ကားအား မတိုက်ခိုက်မီ လှုပ်ရှားမှု CCTV မှတ်တမ်း

ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်…။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ တန့်ကြည်တောင်ဘုရားအား ဖူးမြော်ကြည်ညိုရန်လာရောက်သည့် ဘုရားဖူးယာဉ်အား မနေ့က နံနက်ပိုင်းတွင်

အကြမ်းဖက်သမားများက ဘုရားကုန်းပေါ်သို့ တက်ရောက်သည့် လမ်း၌ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်သဖြင့် ဘုရားဖူးပြည်သူ တစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ရှော်တောမှော် ကျေးရွာ နေထိုင်သည့် ဦးမြင့်သန်း (ဘ) ဦးစိန် (၆၉)နှစ် သည် မိသားစုဝင် ၆ ဦး နှင့်အတူ

ဧည့်လမ်းညွှန်တစ်ဦးလိုက်ပါ၍ နံနက် ၇ နာရီ ၄၀ မိနစ်ခန့်တွင် ညောင်ဦးမြို့နယ်၊ တောင်ဘီကျေးရွာ၊ ဗူးဘုရား စက်လှေဆိပ်မှ စက်လှေဖြင့်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ဘက်အခြမ်းရှိ တန့်ကြည်တောင်ဘုရား အား ဖူးမျှော်ကြည်ညိုရန် သွားရောက်ခဲ့ကြောင်း၊

တန့်ကြည်တောင်ကျေးရွာ ဆိပ်ကမ်းသို့ရောက်ရှိပြီး Hijet အမျိုးအစား မော်တော်ယာဉ်ဖြင့် ဘုရားကုန်း ပေါ်သို့ ဆက်လက်ထွက်ခွာလာစဉ်

နံနက် ၈ နာရီခွဲခန့်တွင် ဘုရားကုန်းလမ်း တစ်ဝက်သို့အရောက်၌ အကြမ်းဖက်သမားများက လက်နက်ငယ် များဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း၊

ထိုသို့ ပစ်ခတ်မှုများကြောင့် ဦးမြင့်သန်း တွင် လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် စက်လှေ၊ ပုဂံလူမှု ကူညီရေးအသင်းမှ မော်တော်ယာဉ်တို့ဖြင့်

ညောင်ဦးပြည်သူ့ဆေးရုံ သို့ပို့ဆောင် ဆေးကုသမှုခံယူစေခဲ့သော်လည်း ရရှိဒဏ်ရာဖြင့် နံနက် ၁၀ နာရီ ခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရား ကင်းမဲ့စွာ ယခုကဲ့သို့ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် စိတ်အေးချမ်းသာစွာ ဘုရားဖူး လာရောက်သည့် အပြစ်မဲ့ပြည်သူတစ်ဦး သေဆုံးခဲ့ရမှုနှင့်ပတ်သက်၍

ကျန်ရစ် သူမိသားစုများနှင့်အတူ ဒေသခံပြည်သူများအနေဖြင့် ဝမ်းနည်းစိတ်မကောင်းမှု များ ဖြစ်ပေါ်လျက်ရှိပြီး

ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဝိုင်းဝန်းကန့်ကွက်ရှုံ့ချလျက်ရှိ ကြောင်းနှင့်

လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် နယ်မြေလုံခြုံရေးလုပ်ငန်းများအား တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


Leave a Reply

Your email address will not be published.