ဖခင်ဖြစ်သူမှ ထမင်းစားမည်ပြောသဖြင့် ထမင်းခူးပေးပြီးနောက်တွင် သမီးမှ အိမ်အောက်သို့ ဆင်းမည်ပြုစဉ်… See more

Zawgyi

ပဲခူးတိုင်းဆွာမြို့နယ်တွင် ဖခင်က သမီးငယ်ကို သားမယားပြုကျင့်ခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက အမှုဖွင့် အရေးယူခဲ့ကြောင်းသိရသည်။တောင်ငူခရိုင် ဆွာမြို့မြောက်ပိုင်း ရှမ်းရွာကျေးရွာ ရာအိမ်မှူးက သက်ဆိုင်ရာ သို့တိုင်ကြားရာတွင်

၎င်းရွာတွင်နေထိုင်သူ အမျိုးသမီးငယ်မှာ အနေအထိုင်ပုံသဏ္ဍာန်ပျက်ယွင်းနေ သဖြင့် ၄င်း၏ဖခင် မရှိခိုက် အိမ်နီးချင်းများက ဆီးစစ်ကြည့်ရာ ကိုယ်ဝန်ရှိကြောင်းသိရသဖြင့် မေးမြန်းခဲ့သည်။

မေးမြန်းချက်အရ ရက်မမှတ်မိသည့် ည ၈ နာရီ အချိန်ခန့်တွင် ၄င်းတစ်ဦးတည်းနေ အိမ်တွင် ရှိနေစဉ် ဖခင် သိန်းဇော်ဝင်း (၃၇ နှစ်) အပြင်မှ အရက်မူးပြီး ပြန်ရောက်လာပြီး ထမင်းစားမည်ပြောသဖြင့

ထမင်းခူးပေးခဲ့ပြီး အိမ်အောက်သို့ ဆင်းမည်ပြုစဉ် နေအိမ်ခန်းအတွင်း လက်ဆွဲခေါ်ယူကာ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း ၊ အဆိုပါကိစ္စကိုမည်သူမျှမပြောရန် ပြောဆိုခဲ့ပြီးနောက် သားမယားအဖြစ် ထပ်မံပြုကျင့်ခဲ့ကြောင်း ပြောပြသိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။

ဆွာနယ်မြေရဲစခန်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူထားသည်။

Credit Original writer

Unicode

ဖခင်ဖြစ်သူမှ ထမင်းစားမည်ပြောသဖြင့် ထမင်းခူးပေးပြီးနောက်တွင် သမီးမှ အိမ်အောက်သို့ ဆင်းမည်ပြုစဉ်… See more

ပဲခူးတိုင်းဆွာမြို့နယ်တွင် ဖခင်က သမီးငယ်ကို သားမယားပြုကျင့်ခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက အမှုဖွင့် အရေးယူခဲ့ကြောင်းသိရသည်။တောင်ငူခရိုင် ဆွာမြို့မြောက်ပိုင်း ရှမ်းရွာကျေးရွာ ရာအိမ်မှူးက သက်ဆိုင်ရာ သို့တိုင်ကြားရာတွင်

၎င်းရွာတွင်နေထိုင်သူ အမျိုးသမီးငယ်မှာ အနေအထိုင်ပုံသဏ္ဍာန်ပျက်ယွင်းနေ သဖြင့် ၎င်း၏ဖခင် မရှိခိုက် အိမ်နီးချင်းများက ဆီးစစ်ကြည့်ရာ ကိုယ်ဝန်ရှိကြောင်းသိရသဖြင့် မေးမြန်းခဲ့သည်။

မေးမြန်းချက်အရ ရက်မမှတ်မိသည့် ည ၈ နာရီ အချိန်ခန့်တွင် ၎င်းတစ်ဦးတည်းနေ အိမ်တွင် ရှိနေစဉ် ဖခင် သိန်းဇော်ဝင်း (၃၇ နှစ်) အပြင်မှ အရက်မူးပြီး ပြန်ရောက်လာပြီး ထမင်းစားမည်ပြောသဖြင့်

ထမင်းခူးပေးခဲ့ပြီး အိမ်အောက်သို့ ဆင်းမည်ပြုစဉ် နေအိမ်ခန်းအတွင်း လက်ဆွဲခေါ်ယူကာ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း ၊ အဆိုပါကိစ္စကိုမည်သူမျှမပြောရန် ပြောဆိုခဲ့ပြီးနောက် သားမယားအဖြစ် ထပ်မံပြုကျင့်ခဲ့ကြောင်း ပြောပြသိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။

ဆွာနယ်မြေရဲစခန်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူထားသည်။

Credit Original writer

Leave a Reply

Your email address will not be published.