အားလုံးပဲ သတိထားစေချင်လို့ တင်လိုက်တာပါ❗️ ဘယ်နေရာမှာ ဖြစ်ဖြစ် အန္တရာယ်များနေပါပြီ

အားလုံးပဲ သတိထားစေချင်လို့ တင်လိုက်တာပါ❗️ ဘယ်နေရာမှာ ဖြစ်ဖြစ် အန္တရာယ်များနေပါပြီ

အားလုံးပဲ သတိထားစေချင်လို့ တင်လိုက်တာပါဘယ်နေရာမှာ ဖြစ်ဖြစ် အန္တရာယ်များနေပါပြီ

ကျွန်မတို့ သူငယ်ချင်းအဖွဲ့ထဲက သူငယ်ချင်းအကိုကိုယ်တိုင် ကြုံတွေ့ခဲ့ရတာပါကံကောင်းလို့ အသက်ဘေးကနေ လွတ်ခဲ့ရတာပါ

တစ်နေ့ကညက ကျွန်မတို့ သူငယ်ချင်းတွေ ကိစ္စရှိလို့ ဆုံထားတဲ့နေရာကို ဖြစ်စဉ်မှာခံရတဲ့ အကိုက သူ့သူငယ်ချင်းနဲ့အတူ ဘာတာကနေ Taxiငှါးပြီး လာပါတယ်

သူ့သူငယ်ချင်းဖြစ်သူက ရန်ကင်းစင်တာနားမှာ ဆင်းသွားပြီး အကိုကတော့ ကျွန်မတို့ရှိတဲ့ အရှေ့မျဉ်းပြိုင်ကွင်းနားက condoကို ဆက်လာပါတယ်

ကျွန်မတို့ ချိန်ထားတဲ့ နေရာကိုကျော်ပြီး မောင်းနေလို့ အကိုက ကျော်သွားပြီးဆိုပြီး ပြောနေချိန် ငှါးလာတဲ့ Probox အနောက်ဖုံးခန်းမှာ ပုန်းပြီးလိုက်လာတဲ့ လူတစ်ယောက်က ထလာပြီး အကို့ကို အနောက်ကနေ ချွန်ထက်တဲ့ အရာတစ်ခုနဲ့ အဆက်မပြတ် ဆက်တိုက်ထိုးပါတယ်

အကိုလည်း လက်သီးနဲ့ပြန်ထိုး ကန်ကျောက်နဲ့ ခုခံနေချိန် ကားတံခါး lockချထားပေမဲ့ မှန်မပိတ်ထားလို့ လက်ကို အပြင်ထုတ်ပြီး အပြင်ဘက်ကနေ lockကိုဖွင့်ပြီး

အော်ဟစ်အကူညီတောင်းရင်း ကားပေါ်က ခုန်ဆင်းလိုက်ပါတယ် အဲချိန် အချွန်နဲ့ထိုးတဲ့သူက ဆင်းလာပြီး အသေလုပ်ဖို့ ကြံပုံရှိသော်လည်း

အကိုခုန်ဆင်းတဲ့ နေရာက မှောင်ပေမဲ့ ရဲကင်းတွေရှိတဲ့နေရာဖြစ်နေတော့ ရဲတွေလည်း အော်သံကြောင့် ထွက်လာလို့Taxiသမားနဲ့ ပုန်းပြီးလိုက်လာတဲ့သူ နှစ်ယောက်လုံး အမြန်ထွက်ပြေးသွားပါတယ်

အကိုကတော့ အထိုးခံရတဲ့အရှိန်ရော သွေးတွေအရမ်းထွက်နေတာရော မှောင်နေတာရောကြောင့် ကားနံပါတ်ရော အဲနှစ်ယောက်လုံးရဲ့ မျက်နှာရော သေချာမမှတ်မိလိုက်ပါဘူး

ရုန်းရင်းဆန်ခတ်ဖြစ်ရင်း လွယ်ထားတဲ့လွယ်အိတ်နဲ့phပါသွားပေမဲ့ ပိုက်ဆံထည့်ထားတဲ့အိတ်ကတော့ ဘောင်းဘီအိတ်ကပ်ထရောက်နေလို့ မပါသွားခဲ့ပါဘူး

ပိုက်ဆံတို့ပစ္စည်းတို့လိုချင်ရင် ဓားထောက်ချိန်းခြောက်တောင်းတဲ့ အဆင့်ကနေပါ ကျော်လွန်ပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်တဲ့အထိကို လူတွေ အတင့်ရဲ့လာကြပါပြီမို့အထူးသတိထားကြပါ

ကျွန်မတို့ရှိတဲ့ နေရာနဲ့မျက်စောင်းထိုးလောက်မှာ ဖြစ်ပျက်သွားတာမို့ ကျွန်မတို့သူငယ်ချင်းတွေသိရတာနဲ့ ချက်ချင်းပြေးဆင်းပြီး သွေးတွေနဲ့ အကို့ကိုကိုယ်တိုင်မြင်တွေ့လိုက်ရချိန်မှာ တုန်လှုပ်ခြောက်ခြားပြီး သွေးပျက်သွားစေခဲ့တယ်

ချက်ချင်း အောင်ရတနာဆေးရုံကိုသွားတော့ ဒဏ်ရာတွေများပေမဲ့ နက်ပြီး အရမ်းပြင်းထန်တာမရှိလို့ ကံကောင်းသွားရပါတယ်အခုတလော ခုဒီလိုဖြစ်ရပ်မျိုးတွေ တော်တော်ဖြစ်နေကြတာမို့ အထူးဂရုစိုက်ကြပါ

Credit Original writer


Leave a Reply

Your email address will not be published.