မုံရွာကအလယ်တန်းကျောင်းအုပ်ဆရာမတစ်ဦး ပ.စ်ခတ်ခံရပြီး

မုံရွာကအလယ်တန်းကျောင်းအုပ်ဆရာမတစ်ဦး ပ.စ်ခတ်ခံရပြီး

မုံရွာကအလယ်တန်းကျောင်းအုပ်ဆရာမတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီးေ.သ ဆုံး
———————

ဇွန် ၆၊ ၂၀၂၂

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် စည်သာကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲက ကျောင်းအုပ်ဆရာမ ဒေါ်စိုးမြတ်မင်းဟာ လမ်းမှာသေနတ်နဲ့ပစ် ခတ်ခံရပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေကဆီကသိရပါ တယ်။

အသက်(၄၄)နှစ်အရွယ်ရှိ အလယ်တန်းကျောင်းအုပ်ဒေါ်စိုးမြတ်မင်းဟာ မုံရွာ-အရာတော်ကားလမ်းအနီးမှာ မနေ့ကဇွန်(၅)ရက်မှာ ပစ်ခတ်ခံရပြီးသေဆုံးသွားတာဖြစ်ပါတယ်။

သေဆုံးမှုနဲ့ပက်သက်ပြီး အမည်မဖော်လိုသူဒေသခံတစ်ဦးက “သူကျတာက မြို့သစ်ရပ်ကွက်ကနေ စည်သာကျေးရွာဘက်ကိုသွားတဲ့ဘက်မှာ။

 

သူကNon CD Mဆရာမလည်းဖြစ်တယ်။ကျောင်းဖွင့်ဖို့အသွားလမ်းမှာအပစ်ခံရတာ။သူကစစ်ကောင်စီအနေနဲ့ကျောင်းဖွင့်ဖို့ ကျောင်းတက်ဖို့ ကျေးရွာလေးတွေမှာဖိအားလိုက်ပေးနေတာရှိတယ်။

အဲ့ဒါအပစ်ခံရတာ။နဂိုထဲကလည်း ကျောင်းဆရာမတွေ၊ဆရာတွေ ကျောင်းဖွင့်တဲ့နေရာမှာမပါဝင်ကြဖို့ CDMလုပ်ကြဖို့ အတိအ လင်းသတိပေးထားတာလည်းရှိတယ်ဆိုတော့ အခုသူလမ်းမှာပစ်ခံလိုက်ရတာ”လို့ BVJကိုပြောပါတယ်။

အလယ်တန်းကျောင်းအုပ်ဆရာမ ဒေါ်စိုးမြတ်မင်းကို ရင်ညွန့်ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ဝဲလက်မောင်းထိုးသွင်းဒဏ်ရာတစ်ချက်တို့နဲ့ လမ်းမှာသေဆုံးလျက်အနေအထားနဲ့တွေ့ရှိရတာဖြစ်ပြီး ဒါဟာPDFတွေလက်ချက်လို့ စစ်ကောင်စီဘက်ကထုတ်ပြန်ထားပါတယ်။

ဒါနဲ့ပက်သက်ပြီး မုံရွာအခြေစိုက်ဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကိုမေးမြန်းရာမှာတော့ ဒီကိစ္စနဲ့ပက်သက်ပြီးသေချာမသိရှိတာကြောင့် ပြောဆိုနိုင်ခြင်းမရှိဘူးလို့ ပြောပါတယ်။

စစ်ကောင်စီဟာ အခြေခံပညာကျောင်းတွေကို အခုလ(၂)ရက်ကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဖွင့်လှစ်တဲ့ကျောင်းတွေမှာမတက်ရောက်ဖို့နဲ့ ပါဝင်ပက်သက်ခြင်းမပြုလုပ်ကြဖို့ တော်လှန်ရေးအဖွဲ့အစည်းတွေကတောင်းဆိုထားကြတာဖြစ်ပါတယ်။

ပုံစာ-ပစ်ခတ်ခံရပြီးနောက်တွေ့ရပုံ

 

Credit Original writer

မုံရွာကအလယ်တန်းကျောင်းအုပ်ဆရာမတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီးသေ ဆုံး
———————

ဇွန် ၆၊ ၂၀၂၂

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် စည်သာကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲက ကျောင်းအုပ်ဆရာမ ဒေါ်စိုးမြတ်မင်းဟာ လမ်းမှာသေနတ်နဲ့ပစ် ခတ်ခံရပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေကဆီကသိရပါ တယ်။

အသက်(၄၄)နှစ်အရွယ်ရှိ အလယ်တန်းကျောင်းအုပ်ဒေါ်စိုးမြတ်မင်းဟာ မုံရွာ-အရာတော်ကားလမ်းအနီးမှာ မနေ့ကဇွန်(၅)ရက်မှာ ပစ်ခတ်ခံရပြီးသေဆုံးသွားတာဖြစ်ပါတယ်။

သေဆုံးမှုနဲ့ပက်သက်ပြီး အမည်မဖော်လိုသူဒေသခံတစ်ဦးက “သူကျတာက မြို့သစ်ရပ်ကွက်ကနေ စည်သာကျေးရွာဘက်ကိုသွားတဲ့ဘက်မှာ။

သူကNon CD Mဆရာမလည်းဖြစ်တယ်။ကျောင်းဖွင့်ဖို့အသွားလမ်းမှာအပစ်ခံရတာ။သူကစစ်ကောင်စီအနေနဲ့ကျောင်းဖွင့်ဖို့ ကျောင်းတက်ဖို့ ကျေးရွာလေးတွေမှာဖိအားလိုက်ပေးနေတာရှိတယ်။

အဲ့ဒါအပစ်ခံရတာ။နဂိုထဲကလည်း ကျောင်းဆရာမတွေ၊ဆရာတွေ ကျောင်းဖွင့်တဲ့နေရာမှာမပါဝင်ကြဖို့ CDMလုပ်ကြဖို့ အတိအ လင်းသတိပေးထားတာလည်းရှိတယ်ဆိုတော့ အခုသူလမ်းမှာပစ်ခံလိုက်ရတာ”လို့ BVJကိုပြောပါတယ်။

အလယ်တန်းကျောင်းအုပ်ဆရာမ ဒေါ်စိုးမြတ်မင်းကို ရင်ညွန့်ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ ဝဲလက်မောင်းထိုးသွင်းဒဏ်ရာတစ်ချက်တို့နဲ့ လမ်းမှာသေဆုံးလျက်အနေအထားနဲ့တွေ့ရှိရတာဖြစ်ပြီး ဒါဟာPDFတွေလက်ချက်လို့ စစ်ကောင်စီဘက်ကထုတ်ပြန်ထားပါတယ်။

ဒါနဲ့ပက်သက်ပြီး မုံရွာအခြေစိုက်ဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကိုမေးမြန်းရာမှာတော့ ဒီကိစ္စနဲ့ပက်သက်ပြီးသေချာမသိရှိတာကြောင့် ပြောဆိုနိုင်ခြင်းမရှိဘူးလို့ ပြောပါတယ်။

စစ်ကောင်စီဟာ အခြေခံပညာကျောင်းတွေကို အခုလ(၂)ရက်ကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဖွင့်လှစ်တဲ့ကျောင်းတွေမှာမတက်ရောက်ဖို့နဲ့ ပါဝင်ပက်သက်ခြင်းမပြုလုပ်ကြဖို့ တော်လှန်ရေးအဖွဲ့အစည်းတွေကတောင်းဆိုထားကြတာဖြစ်ပါတယ်။

ပုံစာ-ပစ်ခတ်ခံရပြီးနောက်တွေ့ရပုံ

Credit Original writer


Leave a Reply

Your email address will not be published.