PDF စခန်းဝင်စီးခံရစဉ် ပြန် လည်ခုခံရင်း ရဲဘော်တစ်ဦးကျဆုံး

▪️အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီတပ်သား ခြောက်ဦးသေ

ကျော်ဇော/People’s Spring

စဥ့်ကူးနှင့် မတ္တရာမြို့နယ်ကြားရှိ PDFတပ်ပေါင်းစုစခန်းတစ်ခုကို စစ်ကောင်စီတပ် ဝင်စီးစဉ် ပြည်လည်ခုခံရင်း တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း TBK တောဆင်ရိုင်းပျောက်ကျားတပ်ဖွဲ့က ယနေ့(ဇွန် ၅) အသိပေးထုတ်ပြန်သည်။

ဇွန်လ ၃ရက် နေ့လယ်ပိုင်းက ဒလန်သတင်းပေးမှုကြောင့် သ.မ.စ တပ်ပေါင်းစုစခန်းအစီးခံရပြီး ကျန်ရဲဘော်များလွတ်မြောက်ရန် ရဲဘော် 02 က အသက်နှင့်ရင်းကာ ခုခံကာကွယ်ရင်း ကျဆုံးခဲ့ရသည်ဟု ဖော်ပြသည်။

ရဲဘော် 02သည် ဗိုလ်လင်းယုန် Local ပြောက်ကျား တပ်ဖွဲ့မှ ရဲဘော်တစ်ဦးဖြစ်ပြီး ၎င်း၏ ပြန်လည်ခုခံမှုကြောင်း စစ်ကောင်စီတပ်မှ ခြောက်ဦးသေဆုံးသွားကြောင်း Thabeikkyin Revolution-TR Team က ပြောသည်။

“တစ်ဖွဲ့လုံးကို အကာကွယ်ပေးခဲ့ရင်း အသက်ပေးသွားတဲ့အပြင် ခဗျားရဲ့ ရဲရင့်တဲ့စိတ်နဲ့ ခုခံမှု့ကြောင့် ခွေး၆ကောင် နေရာမှာတွင် ပွဲကြီးပြီးခဲ့တဲ့အပြင် အများအပြားဒဏ်ရာရသွားခဲ့ကြသေးတယ်တဲ့ဗျ။ ခဗျားအသက်ပေးခဲ့ရတဲ့အတွက် ခွေးတွေသေတာတောင် မပျော်နိုင်ခဲ့တော့ဘူး”ဟု TR Team က ဝမ်းနည်းကြောင်းဖော်ပြသည်။

Leave a Reply

Your email address will not be published.