ဆရာမအင္အား မေလာက္ငွ၍ ဆယ္တန္းကို အမွတ္ ၂၄၀ နဲ႔ ေအာင္တဲ့သူေတြကိုပါ ဆရာမ ျပန္လုပ္ခိုင္းေနရတဲ့ စကစ

ဆရာမအင္အား မေလာက္ငွ၍ ဆယ္တန္းကို အမွတ္ ၂၄၀ နဲ႔ ေအာင္တဲ့သူေတြကိုပါ ဆရာမ ျပန္လုပ္ခိုင္းေနရတဲ့ စကစ

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး ႏိူင္ ပါသည္

ယခင္က B.Ed ပညာေရးဘြဲ႕ သင္တန္းမ်ား တစ္ႏွစ္လွ်င္ ဦးေရ ၃၀၀၀ ဝန္းက်င္သာ တက္ေရာက္ခြင့္ရရွိခဲ့ပါတယ္။ယခုအခါမွာေတာ့ လုပ္ငန္းခြင္ ဆရာ၊ ဆရာမ တစ္ႏွစ္လွ်င္ ဦးေရ ၂၀၀၀၀ ေသာင္းေက်ာ္ထိ တိုးျမႇင့္ တက္ေရာက္ ခြင့္ရေအာင္ ေဆာင္႐ြက္ေနၿပီျဖစ္တယ္လို႔

 

စကစ လက္ေအာက္ခံ ပညာေရးဝန္ႀကီး ဌာန ျပည္ ေထာင္စုဝန္ႀကီး ဦးၫႊန႔္ေဖ က ေျပာဆိုခဲ့ပါတယ္။ျမန္မာတစ္ႏိုင္ငံလုံး အတိုင္းအတာအရ အစိုးရအေျခ ခံပညာေက်ာင္းေပါင္း ၁ေသာင္းေက်ာ္မွာရွိပါတယ္။ အဲဒီ ထဲကမွ အလယ္တန္း ႏွင့္ အထက္တန္းပညာသင္ေက်ာင္း ေပါင္း ၇၀၀၀ ေက်ာ္ရွိေနပါတယ္။

စကစက ၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္မွာ ေက်ာင္းေပါင္း ၃၇၀၀ ေက်ာ္ ဖြင့္လွစ္ႏိုင္ခဲ့ပါတယ္။ ၂၀၂၂- ၂၀၂၃ ပညာသင္ ႏွစ္အတြက္ ဇြန္ ၂ ရက္ကစလို အေျခခံပညာသင္ေက်ာင္းေပါင္း ၇၀၀၀ ေထာင္ေက်ာ္ ျပန္လည္ ဖြင့္လွစ္ေတာ့မွာ ျဖစ္ပါတယ္။

၂၀၂၁ -၂၀၂၂ ပညာသင္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ မေျဖျဖစ္သူမ်ား ယခုႏွစ္ထဲမွာ ျပန္လည္ ေျဖဆိုႏိုင္ေၾကာင္း၊ စနစ္သစ္ပညာေရး ကူးေျပာင္းေနခ်ိန္ျဖစ္လို႔ ယခုႏွစ္က စနစ္ေဟာင္း တကၠသိုလ္စာေမးပြဲ က်င္းပတဲ့ ေနာက္ဆုံး ႏွစ္ အျဖစ္ သတ္မွတ္ထားတယ္လို႔လည္း ပညာေရးဝန္ႀကီးဌာနထံမွ သိရပါတယ္။

 

စကစ အေနနဲ႔ ေက်ာင္းတက္သူေတြ မ်ားၿပီး ပုံမွန္ ျပန္ျဖစ္ေနသေယာင္ ဝါဒျဖန႔္ခ်င္တဲ့ အတြက္ ေက်ာင္းေတြကို ဇြတ္ဖြင့္ခဲ့ေပမယ့္လည္း ဆရာ အင္အား မလုံ ေလာက္တဲ့ ျပႆနာေတြနဲ႔ ႀကဳံေတြ႕ေနရပါတယ္။အဲဒါေၾကာင့္ ႀကဳံရာလူကို ေက်ာင္းဆရာ၊ ဆရာမေတြ အျဖစ္ ပုံေဖာ္ေပးဖို႔ အကြက္ဆင္လာတာ ျဖစ္ပါတယ္။

ယေန႔အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ေနတဲ့ ဆယ္တန္းကို အမွတ္ ၂၄၀ ေလာက္ေက်ာ္႐ုံ ေအာင္လာတဲ့သူေတြကိုပါ ပညာ ေရး တကၠသိုလ္မွာ တက္ခိုင္းတဲ့ အျဖစ္ေတြ ေရာက္ကုန္ပါၿပီ။ စကစရဲ႕ ႐ုပ္ျပပညာေရးစနစ္ႀကီးကေတာ့ ဘယ္ ေလာက္အထိေအာင္ ႐ုပ္ေပါက္ေအာင္ဦးမလဲဆိုတာကို ဆက္လက္ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

 

Zawgyi

ဇော်ဂျီ ဖောင့် ဖြင့် အောက်မှာ ဆက်လက် ဖတ်ရှု အားပေး နိူင် ပါသည်

ယခင်က B.Ed ပညာရေးဘွဲ့ သင်တန်းများ တစ်နှစ်လျှင် ဦးရေ ၃၀၀၀ ဝန်းကျင်သာ တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ယခုအခါမှာတော့ လုပ်ငန်းခွင် ဆရာ၊ ဆရာမ တစ်နှစ်လျှင် ဦးရေ ၂၀၀၀၀ သောင်းကျော်ထိ တိုးမြှင့် တက်ရောက် ခွင့်ရအောင် ဆောင်ရွက်နေပြီဖြစ်တယ်လို့

စကစ လက်အောက်ခံ ပညာရေးဝန်ကြီး ဌာန ပြည် ထောင်စုဝန်ကြီး ဦးညွှန့်ဖေ က ပြောဆိုခဲ့ပါတယ်။မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ အစိုးရအခြေ ခံပညာကျောင်းပေါင်း ၁သောင်းကျော်မှာရှိပါတယ်။ အဲဒီ ထဲကမှ အလယ်တန်း နှင့် အထက်တန်းပညာသင်ကျောင်း ပေါင်း ၇၀၀၀ ကျော်ရှိနေပါတယ်။

စကစက ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှာ ကျောင်းပေါင်း ၃၇၀၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ၂၀၂၂- ၂၀၂၃ ပညာသင် နှစ်အတွက် ဇွန် ၂ ရက်ကစလို အခြေခံပညာသင်ကျောင်းပေါင်း ၇၀၀၀ ထောင်ကျော် ပြန်လည် ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

၂၀၂၁ -၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ မဖြေဖြစ်သူများ ယခုနှစ်ထဲမှာ ပြန်လည် ဖြေဆိုနိုင်ကြောင်း၊ စနစ်သစ်ပညာရေး ကူးပြောင်းနေချိန်ဖြစ်လို့ ယခုနှစ်က စနစ်ဟောင်း တက္ကသိုလ်စာမေးပွဲ ကျင်းပတဲ့ နောက်ဆုံး နှစ် အဖြစ် သတ်မှတ်ထားတယ်လို့လည်း ပညာရေးဝန်ကြီးဌာနထံမှ သိရပါတယ်။

 

စကစ အနေနဲ့ ကျောင်းတက်သူတွေ များပြီး ပုံမှန် ပြန်ဖြစ်နေသယောင် ဝါဒဖြန့်ချင်တဲ့ အတွက် ကျောင်းတွေကို ဇွတ်ဖွင့်ခဲ့ပေမယ့်လည်း ဆရာ အင်အား မလုံ လောက်တဲ့ ပြဿနာတွေနဲ့ ကြုံတွေ့နေရပါတယ်။အဲဒါကြောင့် ကြုံရာလူကို ကျောင်းဆရာ၊ ဆရာမတွေ အဖြစ် ပုံဖော်ပေးဖို့ အကွက်ဆင်လာတာ ဖြစ်ပါတယ်။

ယနေ့အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဆယ်တန်းကို အမှတ် ၂၄၀ လောက်ကျော်ရုံ အောင်လာတဲ့သူတွေကိုပါ ပညာ ရေး တက္ကသိုလ်မှာ တက်ခိုင်းတဲ့ အဖြစ်တွေ ရောက်ကုန်ပါပြီ။ စကစရဲ့ ရုပ်ပြပညာရေးစနစ်ကြီးကတော့ ဘယ် လောက်အထိအောင် ရုပ်ပေါက်အောင်ဦးမလဲဆိုတာကို ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Credit – Original Writer


Leave a Reply

Your email address will not be published.