ဘုရားဖူးသွားစဉ် ဓာတ်ပုံရိုက်ရင်းဓာတ်ပုံများ ကောင်း၊ မကောင်းငြင်းခုံရာမှ… See more

ဘုရားဖူးသွားစဉ် ဓာတ်ပုံရိုက်ရင်းဓာတ်ပုံများ ကောင်း၊ မကောင်းငြင်းခုံရာမှ… See more

ဘုရားဖူးသွားစဉ် ဓာတ်ပုံရိုက်ရင်းဓာတ်ပုံများ ကောင်း၊ မကောင်းငြင်းခုံရာမှ… See more

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ဧရာဝတီမြစ်ကမ်းစပ်(ဒေသအခေါ် နတ်သမီးကမ်းပါးထိပ်)တွင် လူသတ်မှုဖြစ်ပွားခဲ့သည့်အတွက် လူသတ်မှုကျူးလွန်သူကို အမှုဖွင့်အရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ညောင်ဦးမြို့ ကျောက်ဂူဥမင်အနီး ဧရာဝတီမြစ်ကမ်းစပ်၌ နံနက် က ဒဏ်ရာများဖြင့် သေဆုံးနေသည့်အမျိုးသားအလောင်း တွေ့ရှိကြောင်းသတင်းအရ ညောင်ဦးမြို့မရဲစခန်းမှဒုတိယရဲမှူးမင်းနိုင်နှင့်အဖွဲ့သည်သက်သေများနှင့်အတူ သွားရောက်စစ်ဆေးစဉ် ဆောမြို့လက်မွန်ရွာမှ ထွန်းဆန်းလင်းဆိုသူရောက်ရှိလာပြီး သေဆုံးသူမှာ၎င်း၏ညီဝမ်းကွဲ ဖြိုးဇော် ဖြစ်ကြောင်း၊

ဖြိုးဇော်မှာ နဖူးချိုင့်ဝင်ကွဲအက်၊ဝဲ၊ယာဒူး ပွန်းဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေသည်ကိုတွေ့ရှိရကြောင်း သိရသည်။ထို့ကြောင့် ထွန်းဆန်းလင်းကိုမေးမြန်းရာ ၄င်းနှင့် ဖြိုးဇော်သည်ကိုရီယားဘာသာစကားသင်တန်းတက်ရောက်ရန် ပခုက္ကူမြို့ ဃောသိတာရုံဘုန်းတော်ကြီးကျောင်းတွင်နေထိုင်ခဲ့ကြောင်း

နံနက်က ဖြိုးဇော်နှင့်ြွကယ်သူဟိန်း ခေါ် ဝတုတ်တို့သည်ညောင်ဦးမြို့သို့ နေ့ချင်းပြန် ဘုရားဖူးထွက်သွားခဲ့ကြောင်း သိရသည်။ထို့်နောက် မိနစ် ၃ဝခန့်ကြွကယ်သူဟိန်းက ဖြိုးဇော်ပြန်ရောက်ပြီလားဟု ထွန်းဆန်းလင်းကိုမေးရာ ထွန်းဆန်းလင်းကမင်းနဲ့အတူသွားတာ မင်းမသိဘူးလားဟုြွကယ်သူဟိန်း ခေါ် ဝတုတ်ကို ပြန်မေးခဲ့ကြောင်း၊

ထွန်းဆန်းလင်းက ဖြိုးဇော်ကို ဆက်သွယ်သော်လည်း မရရှိသဖြင့် ပခုက္ကူမြို့မရဲစခန်းတွင်လူပျောက်တိုင်တန်းထားခဲ့ကြောင်းသိရသည်။ထို့ကြောင့် နံနက်၈နာရီက ဒုတိယရဲမှူးမင်းနိုင်နှင့်အဖွဲ့သည်ြွကယ်သူဟိန်းကို သွားရောက်ဖမ်းဆီးရာ ၄င်း၏နေအိမ်တွင်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာ၎င်းသည် ဖြိုးဇော်၏ဆိုင်ကယ်နောက်မှထိုင်လိုက်ခဲ့ကြောင်း၊

ညောင်ဦးမြို့သို့ဘုရားဖူးသွားရောက်စဉ် ဧရာဝတီမြစ်ကမ်းစပ်(ဒေသအခေါ် နတ်သမီးကမ်းပါးထိပ်)၌ ၄င်းတို့ နှစ်ဦးဓာတ်ပုံရိုက်ပြီး ရိုက်ထားသည့်ဓာတ်ပုံများ ကောင်း၊ မကောင်းငြင်းခုံစကားများရာမှ ဖြိုးဇော်ကိုလက်သီးနှင့်ထိုးပြီးခြေထောက်နှင့်ကန်လိုက်သဖြင့် ဖြိုးဇော်မှာအဆိုပါကမ်းပါးထိပ်မှ အနက်ပေ ၅ဝခန့်ရှိကမ်းပါးအောက်ချိုင့်အတွင်းသို့ပြုတ်ကျသွားခဲ့ကြောင်း၊

ထိုသို့ကျသွားသဖြင့် လိုက်လံကြည့်ရှုရာဖြိုးဇော်မှာ အထက်ပါဒဏ်ရာများရရှိထားသည်ကိုတွေ့ရှိ၍ အဆိုပါနေရာမှ ပေ ၃ဝအကွာရှိအချင်းဖြစ်နေရာသို့ဆွဲခေါ်ထားရှိခဲ့ပြီး ဖြိုးဇော်၏ ဆိုင်ကယ်နှင့်ဖုန်းကိုယူဆောင်၍ နေအိမ်ပြန်လာခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်စပ်လျဉ်း၍ ထွန်းဆန်းလင်းက ဥပဒေအရအရေးယူပေးပါရန် တရားလိုပြုလုပ်တိုင်တန်းသဖြင့်ြွကယ်သူဟိန်း ခေါ် ဝတုတ်ကို ညောင်ဦးမြို့မရဲစခန်းက ပုဒ်မ-၃၀၂ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်းသတင်းရရှိသည်

 

Credit Original writer


Leave a Reply

Your email address will not be published.