
သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူနှစ်ဦးကို ကွပ်မျက်မယ့် မြန်မာစစ်တပ်ရဲ့ ဆုံးဖြတ်ချက်အပေါ် ကုလသမဂ္ဂအနေနဲ့ အလွန်အမင်း စိတ်ပူနေတယ်လို့ ကုလသမဂ္ဂက ပြောလာပါတယ်။

ဇွန် ၃ ရက်နေ့ကပြုလုပ်တဲ့ ကုလသတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂရဲ့အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက မြန်မာ့အရေးနဲ့ပတ်သက်လို့ ခုလို ပြောကြားသွားတာဖြစ်ပါတယ်။

ဒါဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၃ အရ လူတစ်ဦးရဲ့ အသက်ရှင်ခွင့်၊ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ကုလအထွေထွေအတွင်းရေးမှူးချုပ်က လွတ်လပ်စွာထင်မြင်ယူဆခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်ကို လေးစားလိုက်နာရန် ၎င်း၏တောင်းဆိုချက်ကို ထပ်လောင်းပြောကြားခဲ့တဲ့အပြင်အခြေခံလွတ်လပ်ခွင့်နဲ့ ရပိုင်ခွင့်တွေကိုတောင်းဆိုလို့ တရားစွဲဆိုခံထားရမှုတွေ အားလုံးကို ရုပ်သိမ်းဖို့နဲ့ မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွှတ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းမှာ တရားဥပဒေရှေ့မှောက် တရားစီရင်ခြင်းမရှိခင် တန်းတူညီမျှရေးမူဝါဒတွေ၊ လွတ်လပ်ပြီး ဘက်မလိုက်တဲ့တရားခွင်မှာ တရားမျှတတဲ့ အများပြည်သူ့ကြားနာခွင့်နဲ့ လူတစ်ဦးချင်းရဲ့ ခုခံကာကွယ်မှုအတွက် လိုအပ်တဲ့ အာမခံချက်အားလုံးကို ပြဋ္ဌာန်းထားပါတယ်။

ကုလအထွေထွေအတွင်းရေးမှူးချုပ်က လူ့ဂုဏ်သိက္ခာမြှင့်တင်ရေးနဲ့ လူ့အခွင့်အရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် သေဒဏ်ကို ဖျက်သိမ်းဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ထင်ရှားတဲ့နိုင်ငံရေးသမားတွေဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီက လွှတ်‌တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့နှစ်ဦးကို အကြမ်းဖက်ပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့ပြီး ပြီးခဲ့တဲ့ဇန်န၀ါရီလထဲမှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။

အဲဒီသေဒဏ်အမိန့်နဲ့ပတ်သက်လို့ နောက်ဆုံးအဆင့် အယူခံတွေကို ပလပ်လိုက်ပြီဖြစ်လို့တကယ်‌သေဒဏ် စီရင်တော့မယ်လို့ စစ်ကောင်စီဘက်က မနေ့ ဇွန် ၃ ရက်မှာ ထုတ်ပြောလာတာပါ။source-BBC

စစ်တပ်ရဲ့ေ-သဒဏ်စီရင်မိန့်အပေါ် ကုလသမဂ္ဂ အလွန်အမင်း စိတ်ပူနေ

သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူနှစ်ဦးကို ကွပ်မျက်မယ့် မြန်မာစစ်တပ်ရဲ့ ဆုံးဖြတ်ချက်အပေါ် ကုလသမဂ္ဂအနေနဲ့ အလွန်အမင်း စိတ်ပူနေတယ်လို့ ကုလသမဂ္ဂက ပြောလာပါတယ်။

ဇွန် ၃ ရက်နေ့ကပြုလုပ်တဲ့ ကုလသတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂရဲ့အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက မြန်မာ့အရေးနဲ့ပတ်သက်လို့ ခုလို ပြောကြားသွားတာဖြစ်ပါတယ်။

ဒါဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၃ အရ လူတစ်ဦးရဲ့ အသက်ရှင်ခွင့်၊ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ကုလအထွေထွေအတွင်းရေးမှူးချုပ်က လွတ်လပ်စွာထင်မြင်ယူဆခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်ကို လေးစားလိုက်နာရန် ၎င်း၏တောင်းဆိုချက်ကို ထပ်လောင်းပြောကြားခဲ့တဲ့အပြင်အခြေခံလွတ်လပ်ခွင့်နဲ့ ရပိုင်ခွင့်တွေကိုတောင်းဆိုလို့ တရားစွဲဆိုခံထားရမှုတွေ အားလုံးကို ရုပ်သိမ်းဖို့နဲ့ မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွှတ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းမှာ တရားဥပဒေရှေ့မှောက် တရားစီရင်ခြင်းမရှိခင် တန်းတူညီမျှရေးမူဝါဒတွေ၊ လွတ်လပ်ပြီး ဘက်မလိုက်တဲ့တရားခွင်မှာ တရားမျှတတဲ့ အများပြည်သူ့ကြားနာခွင့်နဲ့ လူတစ်ဦးချင်းရဲ့ ခုခံကာကွယ်မှုအတွက် လိုအပ်တဲ့ အာမခံချက်အားလုံးကို ပြဋ္ဌာန်းထားပါတယ်။

ကုလအထွေထွေအတွင်းရေးမှူးချုပ်က လူ့ဂုဏ်သိက္ခာမြှင့်တင်ရေးနဲ့ လူ့အခွင့်အရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် သေဒဏ်ကို ဖျက်သိမ်းဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ထင်ရှားတဲ့နိုင်ငံရေးသမားတွေဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီက လွှတ်‌တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့နှစ်ဦးကို အကြမ်းဖက်ပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့ပြီး ပြီးခဲ့တဲ့ဇန်နဝါရီလထဲမှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။

အဲဒီသေဒဏ်အမိန့်နဲ့ပတ်သက်လို့ နောက်ဆုံးအဆင့် အယူခံတွေကို ပလပ်လိုက်ပြီဖြစ်လို့တကယ်‌သေဒဏ် စီရင်တော့မယ်လို့ စစ်ကောင်စီဘက်က မနေ့ ဇွန် ၃ ရက်မှာ ထုတ်ပြောလာတာပါ။source-BBC

Leave a Reply

Your email address will not be published.