Zawgyi
Unicode
သမန်းကုန်း သရက်ကင် ဂျမ်းတောမလေး(အေးချမ်းသူ)ရဲ့ အမေ ဆုံးသွားပီတဲ့ဗျာ…
“မောင်နှမ (၁၀) ယောက် ရှိတယ်။ သရက်ကင် ရောင်းပြီး မိသားစုကို ဝိုင်းကူပေးနေတာပါ။
သရက်ကင် တစ်နေ့ (၈) ထောင်၊ (၁) သောင်းဖိုးလောက် ရောင်းရပါတယ်။ လမ်းလျှောက်ပြီး နေရာအနှံ့ လိုက်ရောင်းတယ်။ ကျောင်းကတော့ (၃) တန်း အောင်ခဲ့ပြီး အခု နားထားပါတယ်။
ကြီးလာရင် ဆရာဝန် ဖြစ်ချင်တယ်” လို့ ပြောလာတဲ့ Online မှာ လူသိများနေသူ၊ အသက် (၁၂) နှစ်၊ သရက်ကင်တုတ်ထိုးသည်မလေး ဂျမ်းတော/ အေးချမ်းသူရဲ့မိခင်ဟာ ယနေ့မှာ ဆုံးပါးသွားပြီလို့ သိရပါတယ်။
များစွာစိတ်မကောင်းဖြစ်ရပါတယ် သမီးရေ ။ဘဝတွေမှာ အဆင်မပြေမှုတွေများစွာရှိတဲ့ထဲမှ မိခင်ဖြစ်သူမရှိတော့တဲ့ သမီးလေးအတွက် ဖေးမကူညီကြပါအူးနော်။