ထူးဆန်းတဲ့ အသံ ကြားနေရလို့ ကားဘောနပ်စ်ဖုံး ကိုဖွင့်ကြည့် လိုက်မှ အံ့သြထိတ်လန့် သွားတဲ့ ကားသမားရဲ့ အဖြစ်
ဒီအဖြစ် အပျက် ကတော့ ထိုင်းနိုင်ငံမှာ ဖြစ်ပျက် ခဲ့တာပါ ။ ဖြစ် စဉ်ကတော့ ကား ပိုင်ရှင်ဟာ အဆိုပါကားကြီးကို တောထူထပ်တဲ့ နေရာနဲ့ အနီး ဝန်းကျင် မှာရှိတဲ့ နေအိမ်ရဲ့ အိမ်ရှေ့က လမ်းမကြီး ဘေးမှာ
အချိန် အတော် ကြာကြာ ရပ်ထား ခဲ့တာပါ။ ထို့နော က်မှာ ကားမောင်ထွက်ဖို့ လုပ်နေရင်းနဲ့ ကားရဲ့ဘောနပ်စ်ထဲမှ ထူးထူးဆန်းဆန်း အသံတွေ ကြားနေခဲ့လို့ သင်္ကာမကင်း ဖြစ်ရင်း ကား စက်တစ်ခုခု ချို့ယွင်း
နေတယ် အထင်နဲ့ ဘောနပ်စ်ဖုံးကို ဖွင့်ကြည့် ခဲ့ပါတယ် ။ ထိုအချိန်ကျမှ အလွန်ကြီးမားတဲ့ တောမြွေကြီးက ဘောနပ်စ်ထဲမှာ ခွေခွေလေး ရှိနေခဲ့တာကို အံ့သြ ထိတ်လန့်ဖွယ် တွေ့ရှိခဲ့ပါတယ် ။ မြွေကြီးက
လည်း အချိန်အတော် ကြာကြာ မလှုပ်မရပ် ဘဲရှိနေလို့ ကားပိုင်ရှင်က အနီးနား ဝန်းကျင်က သူတွေကို အကူအညီ တောင်းခံ ပြီးတော့ အဆိုပါ မြွေကြီးကို ဖယ်ထုတ် ပစ်ခဲ့ရပါတယ် ။ ဒါကြောင့် ယခုလိုအဖြစ်
မျိုးနဲ့ မကြုံရ လေအောင် တောစပ်ရဲ့ အနီးနားတွေ မှာ ကားကို အချိန်အတော်ကြာ မရပ်နား သင့်ကြော င်း ၊ ထို့အပြင် အမြဲသတိဝီရိယ ရှိစေဖို့ သတိပေးပြောဆို လိုက်ရပါတယ် ။
Credit Original writer