လစာ ၁၄သိန္း ရေနလ်က္နဲ႔အလုပ္ကထြက္ၿပီး ကိုယ္ပိုင္လုပ္ငန္းလုပ္မည့္တပည့္အတြက္ဆိုင္ပိုင္ရွင္မွဂုဏ္ျပဳခ်ီးျမႇင့္ေငြသိန္း၁၀၀ေပးအပ္

လစာ ၁၄သိန္း ရေနလ်က္နဲ႔အလုပ္ကထြက္ၿပီး ကိုယ္ပိုင္လုပ္ငန္းလုပ္မည့္တပည့္အတြက္ဆိုင္ပိုင္ရွင္မွဂုဏ္ျပဳခ်ီးျမႇင့္ေငြသိန္း၁၀၀ေပးအပ္

Zawgyi

လစာ ၁၄သိန္း ရေနလ်က္နဲ႔အလုပ္ကထြက္ၿပီး ကိုယ္ပိုင္လုပ္ငန္းလုပ္မည့္တပည့္အတြက္ဆိုင္ပိုင္ရွင္မွဂုဏ္ျပဳခ်ီးျမႇင့္ေငြသိန္း၁၀၀ေပးအပ္

လစာ ၁၄သိန္းရေနတာကိုအလုပ္ကထြက္ၿပီး ကိုယ္ပိုင္ပန္းထိမ္ေထာင္ေတာ့မယ့္ တပည့္အတြက္ 29ရတနာဆိုင္ပိုင္ရွင္မွဂုဏ္ျပဳခ်ီးျမႇင့္ေငြသိန္း100ခ်ီးျမႇင့္ခဲ့ပါတယ္။”လြန္ခဲ့တဲ့ 5 ႏွစ္ေက်ာ္ကတအိမ္ဝင္တအိမ္ထြက္ျမန္မာျပည္အႏွံ႔ စိန္ထည္ေတြပတ္ေရာင္းလာကတည္းက

ကိုယ္ပိုင္ပန္းထိမ္ေထာင္မယ္ဆိုတဲ့ စိတ္ကူးနဲ႔သင္တပည့္ေမြးဖို႔ ေရစႀကိဳကကေလးေတြ စေခၚျဖစ္ခဲ့တယ္ေပါ့..။ကိုယ္ခတ္တဲ့ စိန္ထည္ ေ႐ႊထည္ေတြကိုေ႐ႊရည္အျပည့္ရခ်င္စိတ္တစ္ခုတည္းနဲ႔ပန္းထိမ္သာေထာင္ခ်င္တာ တကယ္ေတာ့ကြၽန္ေတာ္ကပန္းထိမ္မလုတ္တတ္ဖူးရယ္..။

အဲ့ဒီေတာ့ တျခားပန္းထိမ္ဖိုမွာသင္တန္းေၾကးေပးစေပၚေငြပါစိုက္ေပးသင္တပည့္ကေလးေတြကိုေနေရးထိုင္ေရးစားေရးသြားေရးကအစအကုန္အက်ခံသင္တန္းအပ္ေပးခဲ့ရတာကုန္က်စရိတ္အားလုံးေပါင္းရရင္နည္းတာမဟုတ္ဘူး..။

အဲ့ဒီေတာ့ အေရာင္းသမားသင္တပည့္ဆိုတမ်ိဳး၊ပန္းထိမ္သင္တပည့္ဆိုတစ္မ်ိဳး စာခ်ဳပ္စာတန္းနဲ႔ ကိုေသခ်ာလုပ္ျဖစ္ခဲ့တာ၊ဘာျဖစ္လို႔လဲ ဆိုေတာ့ သူတို႔ေတြကို ကိုယ့္လိုဘဲေအာင္ျမင္ေစခ်င္တယ္ေလ။အဓိကစည္းကမ္းကဘာလဲဆိုေတာ့အရက္မေသာက္ရ၊ကြမ္းမစားရ၊ေဆးလိပ္မေသာက္ရ၊

ရည္းစားမထားရ၊ဖုန္းမသုံးရဆိုပီးလူငယ္ေတြကိုလမ္းေၾကာင္းလြဲပ်က္စီးေစတဲ့ဒီအခ်က္ေတြကိုေသေသခ်ာေလး Train ေပးျဖစ္ခဲ့တယ္။ဒီစည္းကမ္းကို ကေလးမိဘေတြက သေဘာက်က်တယ္ သူတို႔ ကေလးေတြ မပ်က္စီးဘူးေပါ့ ဒါေပမဲ့ ကိုယ့္မွာေတာ့ လူဆိုးထိန္းႀကီးကို ျဖစ္လို႔..။

စည္းကမ္းခ်ိဳးေဖာက္လို႔ မလိုက္နာနိင္လို႔ ျပန္လႊတ္၊ျပန္သြားရတဲ့သူတခ်ိဳ႕ရဲ႕မိဘေတြကသူတို႔သားသမီး အျပစ္မျမင္ဘဲကိုယ့္အေပၚမေကာင္းေျပာဆိုအျပစ္တင္လက္ညႇိဳးထိုး ခံခဲ့ရတာေတြ ရွိသလိုကိုယ့္စည္းကမ္းထဲေဘာင္ဝင္ေအာင္ေနနိင္တဲ့သူေတြက်ေတာ့လည္းရလာဒ္ေကာင္းေတြနဲ႔ပီတိျဖစ္ရတာေတြလည္းမနည္းဘူးေပါ့ဗ်ာ..။

ဒီအထဲမွာ အခုလိုအတန္းပညာအားျဖင့္3တန္းနဲ႔ေက်ာင္းထြက္ကိုရင္ဝတ္ၿပီး 16 ႏွစ္ကိုရင္ထြက္ေတာ့မွ ကြၽန္ေတာ့္ဆီေရာက္လာတဲ့ကိုရင္လူထြက္ႏိုင္လင္းတို႔လို႔တကယ္႐ိုးသားႀကိဳးစားဘဝနာေအာက္ေျခပါတဲ့ကေလးမ်ိဳးက်ကိုယ္မေမြးထားေပမဲ့ကိုယ္ေမြးထားတဲ့သားသမီးလိုသံေယာဇဥ္ေတြကိုျဖစ္လို႔

ေနစားၿငိမ္းလစာ 14 သိန္းေလာက္ရေနတာကိုစာခ်ဳပ္5ႏွစ္ျပည့္ၿပီဆိုေတာ့ကိုယ္ပိုင္ခြဲလုပ္ခ်င္တယ္ဆိုေတာ့ကိုယ့္မွာဝမ္းနည္းဝမ္းသာျဖစ္ရတာေပါ့ဗ်ာ…။ဝမ္းနည္းတာက ညာလက္႐ုံး ျပဳတ္သြား႐ုံမက ကိုယ္ခ်စ္တဲ့သူေတြနဲ႔ ခြဲခြါရလို႔..

ဝမ္းသာတာကေတာ့ ကြၽန္ေတာ္ျဖစ္ေစခ်င္တဲ့ကိုယ္ပိုင္လုပ္ငန္းရွင္ျဖစ္ခ်င္တဲ့ သူ႔ရဲ႕ ဇြဲလုံ႔လနဲ႔ ႀကိဳးစားမႈေတြနဲ႔ ေအာင္ျမင္မယ္လို႔ျမင္လို႔ပါ။အဲ့ဒီေတာ့ကိုယ့္တပည့္ေတြထဲကကိုယ့္လိုေအာင္ျမင္တဲ့လုပ္ငန္းရွင္ 3 ဦး အနည္းဆုံးေမြးထုတ္နိင္ရမယ္ဆိုတဲ့ကြၽန္ေတာ့္ရဲ႕ရည္မွန္းခ်က္အရသူထြက္သြားေပမဲ့သူေအာင္ျမင္ဖို႔ ကိုယ့္မွာတာဝန္မကင္းေသးဘူးလို႔ကိုယ့္ဘာသာခံယူထားတာမို႔

သူ႔ကို ခြန္အားျဖစ္ေစဖို႔ ဒီ သိန္း ၁၀၀ ကို အစျပဳေပးခဲ့တာေပါ့ဗ်ာ”ေနာက္ထပ္လည္း သူ႔အတြက္ လိုအပ္တဲ့ လူအား ၊လုပ္အား၊ေငြအား၊အႀကံဥာဏ္ေတြဆက္လက္ေထာက္ပံ့ကူညီရင္းသစ္တပင္ေကာင္းရင္ ငွက္တစ္ေသာင္းနားနိင္ဆိုျဖစ္ဖို႔အားျဖည့္ေပးေနမိမွာအမွန္ပါ”လို႔

29 ရတနာဆိုင္ပိုင္ရွင္က သူ႔ရဲ႕လူမူ႔ကြန္ရက္စာမ်က္ႏွာမွာေရးသားထားပါတယ္။စိတ္ႏွလုံးလွတဲ့ဆိုင္ပိုင္ရွင္မ်ိဳးမ်ားမ်ားေပၚထြန္းႏိုင္ပါေစ..ခ်စ္တဲ့စာဖတ္ပရိတ္သတ္ႀကီးလည္း ဝမ္းသာပိတိမ်ားကူးစက္ႏိုင္ၾကပါေစ…

Unicode

လစာ ၁၄သိန်း ရနေလျက်နဲ့အလုပ်ကထွက်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်မည့်တပည့်အတွက်ဆိုင်ပိုင်ရှင်မှဂုဏ်ပြုချီးမြှင့်ငွေသိန်း၁၀၀ပေးအပ်

လစာ ၁၄သိန်းရနေတာကိုအလုပ်ကထွက်ပြီး ကိုယ်ပိုင်ပန်းထိမ်ထောင်တော့မယ့် တပည့်အတွက် 29ရတနာဆိုင်ပိုင်ရှင်မှဂုဏ်ပြုချီးမြှင့်ငွေသိန်း100ချီးမြှင့်ခဲ့ပါတယ်။”လွန်ခဲ့တဲ့ 5 နှစ်ကျော်ကတအိမ်ဝင်တအိမ်ထွက်မြန်မာပြည်အနှံ့ စိန်ထည်တွေပတ်ရောင်းလာကတည်းက

ကိုယ်ပိုင်ပန်းထိမ်ထောင်မယ်ဆိုတဲ့ စိတ်ကူးနဲ့သင်တပည့်မွေးဖို့ ရေစကြိုကကလေးတွေ စခေါ်ဖြစ်ခဲ့တယ်ပေါ့..။ကိုယ်ခတ်တဲ့ စိန်ထည် ရွှေထည်တွေကိုရွှေရည်အပြည့်ရချင်စိတ်တစ်ခုတည်းနဲ့ပန်းထိမ်သာထောင်ချင်တာ တကယ်တော့ကျွန်တော်ကပန်းထိမ်မလုတ်တတ်ဖူးရယ်..။

အဲ့ဒီတော့ တခြားပန်းထိမ်ဖိုမှာသင်တန်းကြေးပေးစပေါ်ငွေပါစိုက်ပေးသင်တပည့်ကလေးတွေကိုနေရေးထိုင်ရေးစားရေးသွားရေးကအစအကုန်အကျခံသင်တန်းအပ်ပေးခဲ့ရတာကုန်ကျစရိတ်အားလုံးပေါင်းရရင်နည်းတာမဟုတ်ဘူး..။

အဲ့ဒီတော့ အရောင်းသမားသင်တပည့်ဆိုတမျိုး၊ပန်းထိမ်သင်တပည့်ဆိုတစ်မျိုး စာချုပ်စာတန်းနဲ့ ကိုသေချာလုပ်ဖြစ်ခဲ့တာ၊ဘာဖြစ်လို့လဲ ဆိုတော့ သူတို့တွေကို ကိုယ့်လိုဘဲအောင်မြင်စေချင်တယ်လေ။အဓိကစည်းကမ်းကဘာလဲဆိုတော့အရက်မသောက်ရ၊ကွမ်းမစားရ၊ဆေးလိပ်မသောက်ရ၊

ရည်းစားမထားရ၊ဖုန်းမသုံးရဆိုပီးလူငယ်တွေကိုလမ်းကြောင်းလွဲပျက်စီးစေတဲ့ဒီအချက်တွေကိုသေသေချာလေး Train ပေးဖြစ်ခဲ့တယ်။ဒီစည်းကမ်းကို ကလေးမိဘတွေက သဘောကျကျတယ် သူတို့ ကလေးတွေ မပျက်စီးဘူးပေါ့ ဒါပေမဲ့ ကိုယ့်မှာတော့ လူဆိုးထိန်းကြီးကို ဖြစ်လို့..။

စည်းကမ်းချိုးဖောက်လို့ မလိုက်နာနိင်လို့ ပြန်လွှတ်၊ပြန်သွားရတဲ့သူတချို့ရဲ့မိဘတွေကသူတို့သားသမီး အပြစ်မမြင်ဘဲကိုယ့်အပေါ်မကောင်းပြောဆိုအပြစ်တင်လက်ညှိုးထိုး ခံခဲ့ရတာတွေ ရှိသလိုကိုယ့်စည်းကမ်းထဲဘောင်ဝင်အောင်နေနိင်တဲ့သူတွေကျတော့လည်းရလာဒ်ကောင်းတွေနဲ့ပီတိဖြစ်ရတာတွေလည်းမနည်းဘူးပေါ့ဗျာ..။

ဒီအထဲမှာ အခုလိုအတန်းပညာအားဖြင့်3တန်းနဲ့ကျောင်းထွက်ကိုရင်ဝတ်ပြီး 16 နှစ်ကိုရင်ထွက်တော့မှ ကျွန်တော့်ဆီရောက်လာတဲ့ကိုရင်လူထွက်နိုင်လင်းတို့လို့တကယ်ရိုးသားကြိုးစားဘဝနာအောက်ခြေပါတဲ့ကလေးမျိုးကျကိုယ်မမွေးထားပေမဲ့ကိုယ်မွေးထားတဲ့သားသမီးလိုသံယောဇဉ်တွေကိုဖြစ်လို့

နေစားငြိမ်းလစာ 14 သိန်းလောက်ရနေတာကိုစာချုပ်5နှစ်ပြည့်ပြီဆိုတော့ကိုယ်ပိုင်ခွဲလုပ်ချင်တယ်ဆိုတော့ကိုယ့်မှာဝမ်းနည်းဝမ်းသာဖြစ်ရတာပေါ့ဗျာ…။ဝမ်းနည်းတာက ညာလက်ရုံး ပြုတ်သွားရုံမက ကိုယ်ချစ်တဲ့သူတွေနဲ့ ခွဲခွါရလို့..

ဝမ်းသာတာကတော့ ကျွန်တော်ဖြစ်စေချင်တဲ့ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်ချင်တဲ့ သူ့ရဲ့ ဇွဲလုံ့လနဲ့ ကြိုးစားမှုတွေနဲ့ အောင်မြင်မယ်လို့မြင်လို့ပါ။အဲ့ဒီတော့ကိုယ့်တပည့်တွေထဲကကိုယ့်လိုအောင်မြင်တဲ့လုပ်ငန်းရှင် 3 ဦး အနည်းဆုံးမွေးထုတ်နိင်ရမယ်ဆိုတဲ့ကျွန်တော့်ရဲ့ရည်မှန်းချက်အရသူထွက်သွားပေမဲ့သူအောင်မြင်ဖို့ ကိုယ့်မှာတာဝန်မကင်းသေးဘူးလို့ကိုယ့်ဘာသာခံယူထားတာမို့

သူ့ကို ခွန်အားဖြစ်စေဖို့ ဒီ သိန်း ၁၀၀ ကို အစပြုပေးခဲ့တာပေါ့ဗျာ”နောက်ထပ်လည်း သူ့အတွက် လိုအပ်တဲ့ လူအား ၊လုပ်အား၊ငွေအား၊အကြံဉာဏ်တွေဆက်လက်ထောက်ပံ့ကူညီရင်းသစ်တပင်ကောင်းရင် ငှက်တစ်သောင်းနားနိင်ဆိုဖြစ်ဖို့အားဖြည့်ပေးနေမိမှာအမှန်ပါ”လို့

29 ရတနာဆိုင်ပိုင်ရှင်က သူ့ရဲ့လူမူ့ကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။စိတ်နှလုံးလှတဲ့ဆိုင်ပိုင်ရှင်မျိုးများများပေါ်ထွန်းနိုင်ပါစေ..ချစ်တဲ့စာဖတ်ပရိတ်သတ်ကြီးလည်း ဝမ်းသာပိတိများကူးစက်နိုင်ကြပါစေ…


Leave a Reply

Your email address will not be published.