မိန်းခလေးချင်း ချစ်ကြိုက်နေကြောင်း ပရိတ်သတ်တွေကို ချပြလာတဲ့ အဆိုတော်ပိုးမီ(ရုပ်သံ)

မိန်းခလေးချင်း ချစ်ကြိုက်နေကြောင်း ပရိတ်သတ်တွေကို ချပြလာတဲ့ အဆိုတော်ပိုးမီ(ရုပ်သံ)











ကိုယ့်ဘဝမှာလည်းဒီလိုမျိုးကြုံရလိမ့်မယ်လို့မထင်ခဲ့သလို သူ့ဘဝမှာလည်းအခုလိုမျိုးမိန်းကလေးတစ်ယောက်နဲ့ချစ်သွားလိမ့်မယ်လို့ မထင်ခဲ့ဘူး ဆိုပြီး


unicode

ပရိသတ်ကြီးရေအဆိုတော်ပိုးမီကတော့ myanmar idol ပြိုင်ပွဲကြီးကနေ အကောင်းဆုံးယှဉ်ပြိုင်ခဲ့ပြီး winner ဆုကြီးမရခဲ့ပေမယ့် ပရိသတ်အားပေးမှုတော့အပြည့်အဝရရှိခဲ့တာလည်းဖြစ်ပါတယ်။

အနုပညာတစ်ခုကို ပရိတ်သတ်တွေရဲ့ ရင်ထဲထိအောင် ချပြနိုင်ဖို့ဆိုတာ တကယ်တော့ လုံးဝမလွယ်ကူလှပါဘူး။

ဒါပေမဲ့ အဆိုတော်ပိုးမီကတော့ သူမဖန်တီးထားတဲ့ အနုပညာနဲ့ ပရိတ်သတ်တွေရဲ့ ရင်ထဲကို ထိအောင်လုပ်နိုင်တဲ့ အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။

ပိုးမီကို Myanmar Idol Season 2 မှာ အသံပါဝါကောင်းလွန်းလှပြီး သီချင်းများအပေါ် စိတ်နှစ်ပြီး ခံစားသက်ဝင်မှုအားကောင်းလွန်းတာကြောင့် ပရိတ်သတ်တွေရဲ့ အားပေးမှုအများဆုံးရရှိခဲ့တဲ့အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။

သူမဟာ Myanmar Idol Season 2ရဲ့ Top Finalists ထဲက တစ်ယောက် ဖြစ်ခဲ့ပါတယ်။

သူမဟာ Myanmar IDOL Season 2ပွဲအပြီးမှာ သူမဖန်တီးထားတဲ့တေးသီချင်းများနဲ့ ပရိတ်သတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။

အဆိုတော်ပိုးမီဟာ ဖော်ရွေတတ်ပြီး စိတ်ထားအလွန်ပြည့်ဝတာကြောင့် ပရိတ်သတ်တွေတင်မက သူ့မရဲ့အနုပညာအသိုင်းအဝိုင်းကပါ သူမကိုချစ်ခင်လေးစားကြပါတယ်။

သူမသီဆိုထားတဲ့အလိုက်တသိ သီချင်းလေးဟာ အခုချိန်ထိ အောင်မြင်နေပြီး ပရိတ်သတ်ရင်ထဲမှာနေရာယူထားတဲ့ တေးသီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။အဆိုတော်ပိုးမီဟာ သူမရဲ့ ဂီတလှုပ်ရှားမှုလေးတွေ၊အလှူအတန်းလှုပ်ရှားမှုပုံရိပ်လေးတွေကို သူမရဲ့လူမှုကွန်ယက်ပေါ်မှာ မျှဝေတတ်ပါတယ်။

လက်ရှိမှာတော့အဆိုတော်ပိုးမီကကိုယ်ပိုင်အမ်ဘမ်တွေလည်းထွက်ရှိထားပြီး ဂီတနယ်ပယ်မှာ အောင်မြင်မှုနေရာတခုကိုရရှိနေပြီလည်းဖြစ်ပါတယ်။

ဒီနေ့မှာတော့အဆိုတော်ပိုးမီကမိန်းကလေးချင်းချစ်နေတဲ့ သူရဲ့အချစ်ရေးကိုဖွင့်ဟလာတာလည်းဖြစ်ပါတယ်။

ကိုယ့်ဘဝမှာလည်းဒီလိုမျိုးကြုံရလိမ့်မယ်လို့မထင်ခဲ့သလို သူ့ဘဝမှာလည်းအခုလိုမျိူးမိန်းကလေးတစ်ယောက်နဲ့ချစ်သွားလိမ့်မယ်လို့ မထင်ခဲ့ဘူး ဆိုပြီး

ချစ်သူမိန်းကလေး နဲ့ အချစ်ရေးသတင်းအကြောင်းအဆိုတော်ပိုးမီက ရင်ဖွင့်လာခဲ့တာလည်းဖြစ်ပါတယ်။

Video ကြည့်ရန်

 


Leave a Reply

Your email address will not be published.