Credit 📌Min Htet Paing
unicode
ပြန်ပေးဆွဲတဲ့အထိ ဆိုးရွားလာတဲ့ ရန်ကုန်‼️
အားလုံးပဲ အပြင်ထွက်မယ်ဆိုရင်သွားသတိ လာသတိလေးရှိကြပါခင်ဗျာ
ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးရဲ့ ဖြစ်စဉ် –
” မနေ့ညနေ ၅နာရီလောက်မှာ ကျနော့် ယောက်ဖရဲ့ညီလေး တက္ကသိုလ်ရိပ်သာလမ်းပေါ်မှာ ပြန်ပေးဆွဲခံလိုက်ရပါတယ်ခင်ဗျာ…
ပြန်ပေးဆွဲခံရတယ်ဆိုတာ သူအိမ်ပြန်ရောက်မှ မိသားစုက သိရတာပါ….
ကားပေါ်ကို အတင်းစွဲတင် မျက်စိပိတ် ဓားထောက်ပြီး ဘယ်နေရာကို ခေါ်သွားမှန်းမသိပါဘူး…
ဟိုရောက်တော့ ဒူးထောက်ခိုင်းပြီး အမျိုးမျိုးခြိမ်းခြောက်ပါတယ်..
အိမ်ကို ပိုက်ဆံ(၅)သိန်းတောင်းခိုင်းပါတယ်။
မရရင် တစ်ခါတည်းသက်ပြစ်မယ်ပြောပြီး အိမ်ကိုဖုန်းဆက်ခိုင်းပါတယ်….။
အိမ်ကိုဖုန်းဆက်တဲ့အခါမှာလဲ သူတို့ပြောခိုင်းတဲ့အတိုင်းပဲ ပြောရတာပါ….
အိမ်ကိုဖုန်းဆက်ပြီးပြောတာက အလုပ်မှာ ပြသာနာဖြစ်လို့ လျှော်ပေးရမယ် အရမ်းအရေးကြီးလို့ ပိုက်ဆံ (၅)သိန်းလွှဲပေးပါဆိုပြီ… ခဏ ခဏ ဖုန်းဆက်ခိုင်းပါတယ်..
အိမ်က စိတ်ပူပြီး အလုပ်ကိုလာပို့ပေးမယ် ပြောတာမရပါဘူး။ wave ကနေဘဲ လွှဲခိုင်းတာနဲ့ လွှဲပေးလိုက်ပါတယ်။
ပိုက်ဆံလဲ လွှဲပေးပြီးရော ဖုန်းက စက်ပိတ်သွားပြီး ဘာအဆက်အသွယ်မှကို မရတော့ပါဘူးခင်ဗျာ..
ည ၈နာရီလောက်မှာတော့ ကလေးက ငိုပြီ
အိမ်ပြန်ရောက်လာပါတယ်။ ဘာမှတော့ မဖြစ်ပါဘူး…ဖုန်းကိုလဲ သူတို့ သိမ်းသွားပါတယ်…
လမ်းစရိတ် (၁)သောင်းပြန်ပေးပြီး လမ်းပေါ်ချခဲ့ပါတယ်။ ကားပေါ်ကဆင်းတဲ့အချိန်မှာလဲ မျက်စိမှိတ်ခိုင်းပြီး နောက်ပြန်လှကြည့်ရင် သေနတ်နဲ့ပြစ်မယ်ပြောပြီး ကားမောင်းပြေးသွားပါတယ်…။
သူ့ကို ချခဲ့တဲ့ နေရာက မြောက်ဥက္ကလာ ဘက်ပါ…နေရာတော့အတိအကျမသိဘူးတဲ့.. အဲဒီကနေ ကားငှါးပြီး အိမ်ပြန်လာခဲ့ရတာပါ။
စာကိုအဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်🙏🙏🙏
အားလုံးဘဲ ဂရုစိုက်ကြပါခင်ဗျ…
ဖြစ်ပြီဆိုရင် ဘယ်ကိုမှတိုင်လို့လဲ မရပါဘူး…
ဘယ်သူကလုပ်တယ်ဆိုတာလဲ မသိလိုက်ဘူး..။ ”
Credit 📌Min Htet Paing
Leave a Reply
Your email address will not be published.