




ရန်ကုန်၊ ဇွန် ၁









unicode

မကွေးအမှတ် ၂ ရဲစခန်းတွင် စစ်သားနှင့်ရဲစခန်းမှူး ထိုးကြိတ်မှုဖြစ်ပွား(ရုပ်သံ)

ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်…။

မကွေးအမှတ် ၂ ရဲစခန်းတွင် စစ်သားနှင့်ရဲစခန်းမှူး ထိုးကြိတ်မှုဖြစ်ပွား၊ တပ်နှင့်ရဲ ဆက်ဆံမပြေလည်မှု အဖွဲ့အစည်း နှစ်ခုအကြားတင်းမာ(ရုပ်/သံ)

ရန်ကုန်၊ ဇွန် ၁

မကွေးတိုင်း၊ မကွေးမြို့ အမှတ် ၂ ရဲစခန်းတွင် ရဲစခန်းမှူး အောင်စိုးနှင့် မကွေးလေတပ်စစ်သားအကြား ဆက်ဆံရေး အဆင်မပြေဖြစ်ရာမှ ထိုးကြိတ် ခိုက်ရန်ဖြစ်ပွားမှု မေလ ၃၁ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း စစ်တပ်သတင်းရင်းမြစ်က ပြောသည်။

မေလ ၃၁ ရက်နေ့တွင် မကွေးလေတပ်မှ စစ်သားက ရဲစခန်းသို့ ရောက်ရှိလာပြီး ရဲစခန်းမှူး အောင်စိုး ကို ထိုးကြိတ် ကြောင်း၊

ထိုသို့ ထိုးကြိတ်သဖြင့် ချုပ်နှောင်ထားပြီး သက်ဆိုရာ စစ်သား၏ တပ်နယ်မှ တာဝန်ရှိသူကို ခေါ်ယူ၍ ပြန်လည် အပ်နှံရန်

ချုပ်နှောင်ထားမှုကို ပြန်လည် ဖြည်ပေးစဉ် စစ်သားက ရဲစခန်းမှူးကို ထပ်မံ ထိုးကြိတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ရဲစခန်းမှူး အောင်စိုးကို တိုက်ခိုက်သော မကွေးလေတပ် စစ်သားကို ရဲများက ၀ိုင်းဝန်း ဖမ်းဆီးခဲ့ကြပြီး တပ်သားအဆင့်ဖြင့်ပင်

စခန်းမှူးကို ကိုယ်ထိလက် ရောက် စော်ကားမှုကို မကျေနပ်ကြကြောင်း၊

စစ်တပ်ကလည်း ၎င်းတို့၏ တပ်သားကို ရဲစခန်းတွင် ရဲများက ၀ိုင်းဝန်းရိုက်နှက်သည်ဟု ထင်မြင်သဖြင့်

နှစ်ဖက် အမြင်မကြည်လင်မှုများရှိနေ ကြောင်း သိရှိရသည်။

#Crd


Leave a Reply

Your email address will not be published.