ထမင်းပေါင်းအိုးနဲ့ချက်တိုင်းသိုးလွယ်လို့ထမင်းမသိုးအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလေးဗဟုသုတအဖြစ် ထပ်ဆင့်ဝေမျှပေးပါရစေ
ကိုယ့်အတွေ့အကြုံလေးကိုsharingလုပ်ပေးပါရစေကိုယ်လည်းအဲ့ဒုက္ခကိုတော်တော်ခံစားခဲ့ရတာဘယ်လောက်ဆိုးသလဲဆိုမနက်ပိုင်းချက်ထားတဲ့ထမင်းကိုညနေမမှောင်ခင်အပြေအလွှားစားမှမှီတယ်
မဟုတ်ရင်စားခါနီးကျထမင်းကသိုးရော ထမင်းကြိုက်တဲ့လူဆိုတော့ ထိုင်ငိုချင်စိတ်ပါပေါက်တာအဲ့လိုဖြစ်ပေါင်းများလို့ခေါင်းဆွဲပြုတ်နဲ့ညားရတာအခါခါပါပဲ
ထမင်းမသိုးဖို့ဆိုရင် ကိုယ်သိသလောက်ကတော့ဆန်ဆေးရင်ဆန်ကိုသေချာပြောင်အောင်ဆေးရမယ်ပြီးရင်ထည့်ချက်မယ့်ရေကလည်းသန့်ရမယ်ပြီးရင်အိုးကလည်းသန့်ရမယ်လို့ အမြဲမှတ်ထားပါတယ်
ခဏခဏသိုးတဲ့အိုးကိုအရင်ဆုံးရေထည့်ပြီးပွက်ပွက်ဆူနေအောင်တည်ပြီးပိုးသတ်ပါတယ်ပြီးရင်အဲ့ရေနွေးကိုသွန်ပြီးအိုကိုအခြောက်ခံပြီးဆားနဲ့နာနာတိုက်ပါတယ်
ကိုယ်တော့နာရီဝက်လောက်ကိုထိုင်တိုက်တာအိုးမှာရှိတဲ့ဂျေးတွေကဆားနဲ့အတူပါသွားပြီးဆားကမဲညစ်ညစ်အရောင်ပြောင်းသွားလိမ့်မယ်ကိုယ်စိတ်ကျေနပ်လောက်တဲ့အနေအထားရောက်ရင်ပန်ကန်ဆေးအစိမ်းဖတ်ထဲဆပ်ပြာထည့်ပြီးသေချာပွတ်ဆေးလိုက်ပါ
အဲ့ဒါဆိုရင်မသိုးတော့တဲ့အိုးဖြစ်သွားပါလိမ့်မယ်ကိုယ်တော့အဲ့လိုလုပ်ပြီးကတည်းကထမင်းမသိုးတော့တာနှစ်ရက်လောက်ထားလဲထမင်းကနဂိုအတိုင်းလေးပဲတစ်ခါတလေနှစ်ညအိပ်တွေဘာတွေတောင်ဖြစ်ကုန်တာဒါတောင်မသိုးတော့ဘူး
အားလုံးလည်းအဆင်ပြေကြပါစေရှင့်ကိုယ်အဆင်ပြေတဲ့နည်းလေးကိုပြန်မျှဝေပေးတာပါရှင်စာရှည်သွားရင်sorryပါ
Credit
zawgyi
Credit