နေအိမ်၊ရုံးခန်း၊အလုပ်မှာကြည့်မှန်အကွဲများရှိနေရင်မထားသင့်တဲ့အကြောင်းရင်းများ

နေအိမ်၊ရုံးခန်း၊အလုပ်မှာကြည့်မှန်အကွဲများရှိနေရင်မထားသင့်တဲ့အကြောင်းရင်းများ

နေအိမ်ဒါမှမဟုတ်အလုပ်နေရာမှာမှန်ကွဲတွေရှိနေပြီဆိုရင်တခါတလေကျရင်လူတိုင်းလိုလိုမှာကိုယ့်ကိုကိုယ်ကံနိမ့်နေတယ်လို့ခံစားရတဲ့အချိန်အခါမျိုးကိုကြုံဖူးကြမှာပါဘာလုပ်လုပ်အဆင်မပြေနေတာမျိုးတွေ၊ ပြဿနာတစ်ခုပြီး

တစ်ခုနဲ့ကြုံနေရတာမျိုးတွေကိုသတိထားမိကြရင်အကောင်းဆုံးအလုပ်ကတော့ ဘာသာတရားကိုလုပ်ပေးပါဒါ့အပြင်ကိုယ်နေအိမ်မှာကိုယ်ရှိတဲ့နေရာမှာဒီလိုမှန်ကွဲတွေရှိခဲ့ရင်ချက်ချင်းလွှင့်ပစ်သင့်ပါတယ်မှန်ကွဲခြင်းမှာလည်း

နိမိတ်လက္ခဏာရှိပါတယ်အခုလို ဖော်ပြထားတဲ့နိမိတ်လက္ခဏာမှာ(၁)ကြည့်မှန်ကွဲရင်သင်ဟာကျန်းမာရေးကိုအထူးသတိထားရတော့မယ်လို့ဆိုပါတယ်(၂)အလုပ်စားပွဲမှန်ကွဲနေပါကလူများရဲ့အမှုဆင်ခြင်း(လုပ်ကြံ)ကိုခံရတတ်တယ်

လို့ဖော်ပြထားပါတယ်(၃)အိမ်ရှေ့ရှိအိမ်မကြီးရဲ့မှန်ကွဲနေရင် ငွေကြေးကျပ်တည်းမယ့်နိမိတ်ဖြစ်ပါတယ်(၄)အိမ်ရှေ့ပြတင်းမှန်ကွဲပါကလူမမာဟာ နေအိမ်ပေါ်သို့ ရောက်လာလိမ့်မယ်ဆိုတဲ့နိမိတ်ဖြစ်ပါတယ်(၅)အိမ်ပေါ်ရှိပြတင်းပေါက်

မှန်ကွဲရင်အိမ်တွင်းရေးအဆင်မပြေဖြစ်မယ်ဆိုတဲ့နိမိတ်ဖြစ်ပါတယ်(၆)ကပ်ထားသောမှန်ကွဲနေရင်သားသမီးကျန်းမာရေးချို့တဲ့နိုင်တယ်လို့ဆိုလိုပါတယ်(၇) နောက်ဖေးမှန်ကွဲရင်အိမ်ရှင်မရဲ့ကျန်းမာရေးထိခိုက်မယ့်နိမိတ်ဖြစ်ပါတယ်

(၈)ဘုရားကျောင်းဆောင်မှမှန်ကွဲရင်အိမ်ရှင်ကြီးဘေးဒုက္ခနဲ့ကြုံရတတ်တယ်လို့ ဆိုလိုပါတယ်(၉)ရေအိမ်ထဲရှိမှန်ကွဲနေပါကဝမ်းကိုက်ရောဂါဖြစ်တော့မယ်လို့ နိမိတ်ရပါတယ်(၁၀)ဘီရိုမှန်ကွဲနေရင်ပစ္စည်းပျောက်ရတော့မယ်လိုနိမိတ်ရပါတယ်

ဒါကြောင့်သင့်နေအိမ်မှာကွဲနေတဲ့မှန်ပဲဖြစ်ဖြစ်မှန်ကွဲစပဲဖြစ်ဖြစ်ကံနိမ့်နေတဲ့အချိန်မျိုးတွေမှာဆိုရင်အိမ်မှာမထားကောင်းပါဘူးမှန်ကွဲတွေထားရင်လာဘ်တိတ်တယ်ကံနိမ့်တာမျိုးတွေဖြစ်တတ်လို့တတ်နိုင်ရင်အိမ်ထဲမှာမထားပါနဲ့နော်

Credit ~မူရင်း

zawgyi








Credit ~မူရင်း


Leave a Reply

Your email address will not be published.