

ကလေးမြို့နယ်က သနားဖွယ်ရာဖြစ်ရပ်ဆိုး ….

ကလေးမြို့ပေါ်တွင် စစ်တပ်က ပစ်ခတ်သော လက် နက် ကြီးကျည်ထိမှန်၍ သေဆုံးသူ ပြည်သူ ၃ ဦးကို သဂြိုလ်ပြီးစီး

ရန်ကုန်၊ မေ ၂၉

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ၆ လသားအရွယ် ကလေးငယ်မိခင် ၁ ဦး နှင့် စစ်ဘေးရှောင် သား အမိ ၂ ဦး စုစုပေါင်း ပြည်သူ ၃ ဦး သေဆုံးပြီး ယနေ့ ညနေပိုင်း ၃ ဦးလုံး သဂြိုလ်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

မေလ ၂၈ ရက်နေ့ ည ၇ နာရီဝန်းကျင်မှစတင်ပြီး စစ်ကောင်စီတပ်များက ကလေး မြို့နယ်၊ တာဟန်းရပ် ကွက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း ၊

စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်သည် တာဟန်းရပ်ကွက် မေတ္တာ (Agape) ဆေးရုံအနောက်ဖက် ကပ်ရပ် နေအိမ်တစ်ခုပေါ်သို့ ကျရောက် ပေါက်ကွဲကာ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦး သေ ဆုံး ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ မင်းကင်းဘက်မှ စစ်ဘေးရှောင်လာသော အသက် ၄၅ နှစ်အရွယ် ဒေါ်နီနီအေး နှင့် အသက် ၂၇ နှစ်အရွယ် သားဖြစ်သူမောင်းဘုန်းမြတ်ဦးတို့ ပွဲချင်းပြီး သေဆုံးကြောင်း ၊

အသက် ၂၅ နှစ်အရွယ် ကလေးမိခင် MC Vanlalawmpuii (Puipui) လည်း သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ယနေ့ညနေပိုင်းတွင် ၃ ဦးစလုံး သဂြိုလ်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

Credit Original writer



ရန်ကုန်၊ မေ ၂၉






ကလေးမြို့နယ်က သနားဖွယ်ရာဖြစ်ရပ်ဆိုး ….

ကလေးမြို့ပေါ်တွင် စစ်တပ်က ပစ်ခတ်သော လက် နက် ကြီးကျည်ထိမှန်၍ သေဆုံးသူ ပြည်သူ ၃ ဦးကို သဂြိုလ်ပြီးစီး

ရန်ကုန်၊ မေ ၂၉

 

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ၆ လသားအရွယ် ကလေးငယ်မိခင် ၁ ဦး နှင့် စစ်ဘေးရှောင် သား အမိ ၂ ဦး စုစုပေါင်း ပြည်သူ ၃ ဦး သေဆုံးပြီး ယနေ့ ညနေပိုင်း ၃ ဦးလုံး သဂြိုလ်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

မေလ ၂၈ ရက်နေ့ ည ၇ နာရီဝန်းကျင်မှစတင်ပြီး စစ်ကောင်စီတပ်များက ကလေး မြို့နယ်၊ တာဟန်းရပ် ကွက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း ၊

စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်သည် တာဟန်းရပ်ကွက် မေတ္တာ (Agape) ဆေးရုံအနောက်ဖက် ကပ်ရပ် နေအိမ်တစ်ခုပေါ်သို့ ကျရောက် ပေါက်ကွဲကာ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦး သေ ဆုံး ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ မင်းကင်းဘက်မှ စစ်ဘေးရှောင်လာသော အသက် ၄၅ နှစ်အရွယ် ဒေါ်နီနီအေး နှင့် အသက် ၂၇ နှစ်အရွယ် သားဖြစ်သူမောင်းဘုန်းမြတ်ဦးတို့ ပွဲချင်းပြီး သေဆုံးကြောင်း ၊

အသက် ၂၅ နှစ်အရွယ် ကလေးမိခင် MC Vanlalawmpuii (Puipui) လည်း သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ယနေ့ညနေပိုင်းတွင် ၃ ဦးစလုံး သဂြိုလ်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

Credit Original writer


Leave a Reply

Your email address will not be published.