“နန္းထိုက္ေအာင္ၿမိဳ႕ျပစစ္ဆင္ေရး”အျဖစ္ လႈိင္သာယာ ႏွင့္ေ႐ႊျပည္သာၿမိဳ႕နယ္တို႔တြင္

“နန္းထိုက္ေအာင္ၿမိဳ႕ျပစစ္ဆင္ေရး”အျဖစ္ လႈိင္သာယာ ႏွင့္ေ႐ႊျပည္သာၿမိဳ႕နယ္တို႔တြင္

“နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”အဖြစ် လှိုင်သာယာ နှင့်ရွှေပြည်သာမြို့နယ်တို့တွင်ပြုလုပ်ရာ စစ်ကောင်စီ ဘက်မှ နှစ်ဦးသေ၊ ခြောက်ဦးဒဏ်ရာရ

ရဲခေါင်/People’s Spring

“နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”အဖြစ် လှိုင်သာယာ နှင့် ရွှေပြည်သာမြို့နယ်တို့တွင် ပြုလုပ်ခဲ့ရာ စစ်ကောင်စီဘက်မှ နှစ်ဦးသေ၊ ခြောက်ဦး ဒဏ်ရာရရှိကြောင်း စစ်ဆင်ရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

ယနေ့(မေ ၂၉ ရက်)ရက် နံနက် ၅ နာရီခွဲခန့်က လှိုင်သာယာမြို့နယ်၊ ကစင်၊ တောင်ငူလမ်းအနီးရှိ စစ်ကောင်စီ၏ အကျိုးစီးပွားဖြစ်သော MyTel တာဝါတိုင်အား မြောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့မှ နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး၏ စီးပွားရေးပစ်မှတ်တစ်ခုအဖြစ် မိုင်းခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုသို့ လာရောက်စစ်ဆေးသော လုံခြုံရေးအဖွဲ့ဝင်များအား ရှေ့ထွက်မိုင်း၂လုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုစာရင်းကို အတိအကျမရသေးဘဲ စုံစမ်းနေဆဲဟု ဆိုသည်။

အလားတူ ယမန်နေ့(မေ ၂၈ ရက်)က နေ့လယ် ၁၂ နာရီခွဲခန့်က ရွှေပြည်သာမြို့ နယ် ဏ/၁၄ အုပ်ချုပ်ရေးမှူးရုံးသို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်တော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုသည်လည်း “နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး” ဖြစ်ကြောင်း အသိပေးသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ပြည်သူကို အနိုင်ကျင့်ဗိုလ်ကျနေသည့် စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးအဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့သည်။

အဆိုပါ ဖောက်ခွဲ၊ ပစ်ခတ် တိုက်ခိုက်မှုများသည် အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူအပေါ် ရက် စက်ကြမ်းကြုပ်မှုများ ရပ်တန့်ရန်၊ အကြမ်းဖက်စစ်တပ်နှင့် ၎င်းတို့၏ အဆွယ်အပွားများအကျိုး စီးပွားဖြစ်ထွန်းနေမှုကို ဟန့်တားရန်နှင့် အကြမ်း ဖက်အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်ရန် ရည်ရွယ်သည် နန်းထိုက်အောင်စစ်ဆင်ရေး တာဝန်ခံက ပြောသည်။

ဆက်လက်၍လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အလစ်အငိုက်တိုက်ခိုက်မှုတွေဆက်တိုက်လုပ်သွားမှာဖြစ်ပြီး မြို့ပြပြောက်ကျားမဟာဗျူဟာနှင့်အညီ အမှည့်ခြွေနည်းဖြင့် ရှင်းလင်းသွားမည်ဟု အသိပေးသည်။

လက်ရှိတွင်”နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး” မှာ ရန်ကုန်မြို့တွင်သာမက ပဲခူးတိုင်းနှင့် မွန်ပြည်နယ်အတွင်း၌ပါ ဆောင်ရွက်ထားသည်။

ထို့အပြင် စစ်ဆင်ရေးတစ်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီထောက်တိုင် စုစုပေါင်း ၅၅ဦးကို သုတ်သင်ရှင်းလင်းထားပြီး ၆၀ကျော်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ယခုနှစ် ဧပြီ၈ရက်က စတင်ခဲ့သော “နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေး”သည် မေလ၈ ရက်က တစ်လပြည့်မြောက်ခဲ့ခြင်း ဖြစ်သည်။

#လူထုနွေဦး

“နန္းထိုက္ေအာင္ၿမိဳ႕ျပစစ္ဆင္ေရး”အျဖစ္ လႈိင္သာယာ ႏွင့္ေ႐ႊျပည္သာၿမိဳ႕နယ္တို႔တြင္ျပဳလုပ္ရာ စစ္ေကာင္စီ ဘက္မွ ႏွစ္ဦးေသ၊ ေျခာက္ဦးဒဏ္ရာရ

ရဲေခါင္/People’s Spring

“နန္းထိုက္ေအာင္ၿမိဳ႕ျပစစ္ဆင္ေရး”အျဖစ္ လႈိင္သာယာ ႏွင့္ ေ႐ႊျပည္သာၿမိဳ႕နယ္တို႔တြင္ ျပဳလုပ္ခဲ့ရာ စစ္ေကာင္စီဘက္မွ ႏွစ္ဦးေသ၊ ေျခာက္ဦး ဒဏ္ရာရရွိေၾကာင္း စစ္ဆင္ေရးတာဝန္ခံက လူထုေႏြဦးသို႔ ေျပာသည္။

ယေန႔(ေမ ၂၉ ရက္)ရက္ နံနက္ ၅ နာရီခြဲခန႔္က လႈိင္သာယာၿမိဳ႕နယ္၊ ကစင္၊ ေတာင္ငူလမ္းအနီးရွိ စစ္ေကာင္စီ၏ အက်ိဳးစီးပြားျဖစ္ေသာ MyTel တာဝါတိုင္အား ေျမာက္ပိုင္းခ႐ိုင္ ျပည္သူ႔ကာကြယ္ေရးအထူးတပ္ဖြဲ႕မွ နန္းထိုက္ေအာင္ၿမိဳ႕ျပစစ္ဆင္ေရး၏ စီးပြားေရးပစ္မွတ္တစ္ခုအျဖစ္ မိုင္းခြဲတိုက္ခိုက္မႈျပဳလုပ္ခဲ့သည္။

အဆိုပါ ေဖာက္ခြဲတိုက္ခိုက္မႈသို႔ လာေရာက္စစ္ေဆးေသာ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားအား ေရွ႕ထြက္မိုင္း၂လုံးျဖင့္ ထပ္မံေဖာက္ခြဲတိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီဘက္မွ ေျခာက္ဦးထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ေသဆုံးမႈစာရင္းကို အတိအက်မရေသးဘဲ စုံစမ္းေနဆဲဟု ဆိုသည္။

အလားတူ ယမန္ေန႔(ေမ ၂၈ ရက္)က ေန႔လယ္ ၁၂ နာရီခြဲခန႔္က ေ႐ႊျပည္သာၿမိဳ႕ နယ္ ဏ/၁၄ အုပ္ခ်ဳပ္ေရးမႉး႐ုံးသို႔ ၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ႏွင့္ မဟာမိတ္ေတာ္လွန္ေရးအင္အားစုမ်ား ပူးေပါင္းၿပီး ဝင္ေရာက္ပစ္ခတ္တိုက္ခိုက္မႈသည္လည္း “နန္းထိုက္ေအာင္ၿမိဳ႕ျပစစ္ဆင္ေရး” ျဖစ္ေၾကာင္း အသိေပးသည္။

အဆိုပါ တိုက္ခိုက္မႈတြင္ ျပည္သူကို အႏိုင္က်င့္ဗိုလ္က်ေနသည့္ စစ္ေကာင္စီေထာက္တိုင္ အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ ႏွစ္ဦးေသဆုံးခဲ့သည္။

အဆိုပါ ေဖာက္ခြဲ၊ ပစ္ခတ္ တိုက္ခိုက္မႈမ်ားသည္ အၾကမ္းဖက္စစ္ေကာင္စီ၏ ျပည္သူအေပၚ ရက္ စက္ၾကမ္းၾကဳပ္မႈမ်ား ရပ္တန႔္ရန္၊ အၾကမ္းဖက္စစ္တပ္ႏွင့္ ၎တို႔၏ အဆြယ္အပြားမ်ားအက်ိဳး စီးပြားျဖစ္ထြန္းေနမႈကို ဟန႔္တားရန္ႏွင့္ အၾကမ္း ဖက္အုပ္ခ်ဳပ္ေရးယႏၲရား မလည္ပတ္ႏိုင္ရန္ ရည္႐ြယ္သည္ နန္းထိုက္ေအာင္စစ္ဆင္ေရး တာဝန္ခံက ေျပာသည္။

ဆက္လက္၍လည္း အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို အလစ္အငိုက္တိုက္ခိုက္မႈေတြဆက္တိုက္လုပ္သြားမွာျဖစ္ၿပီး ၿမိဳ႕ျပေျပာက္က်ားမဟာဗ်ဴဟာႏွင့္အညီ အမွည့္ေႁခြနည္းျဖင့္ ရွင္းလင္းသြားမည္ဟု အသိေပးသည္။

လက္ရွိတြင္”နန္းထိုက္ေအာင္ၿမိဳ႕ျပစစ္ဆင္ေရး” မွာ ရန္ကုန္ၿမိဳ႕တြင္သာမက ပဲခူးတိုင္းႏွင့္ မြန္ျပည္နယ္အတြင္း၌ပါ ေဆာင္႐ြက္ထားသည္။

ထို႔အျပင္ စစ္ဆင္ေရးတစ္လအတြင္း အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားႏွင့္ စစ္ေကာင္စီေထာက္တိုင္ စုစုေပါင္း ၅၅ဦးကို သုတ္သင္ရွင္းလင္းထားၿပီး ၆၀ေက်ာ္ဒဏ္ရာရရွိခဲ့သည္ဟု ဆိုသည္။

ယခုႏွစ္ ဧၿပီ၈ရက္က စတင္ခဲ့ေသာ “နန္းထိုက္ေအာင္ၿမိဳ႕ျပစစ္ဆင္ေရး”သည္ ေမလ၈ ရက္က တစ္လျပည့္ေျမာက္ခဲ့ျခင္း ျဖစ္သည္။

#လူထုေႏြဦး


Leave a Reply

Your email address will not be published.