မီးဖုတ်တဲ့ကိစ္စဖြင့် လင်မယားချင်းစကားများရာမှ ဇနီးဖြစ်သူအား ယောင်္ကျားဖြစ်သူမှ… See more

မီးဖုတ်တဲ့ကိစ္စဖြင့် လင်မယားချင်းစကားများရာမှ ဇနီးဖြစ်သူအား ယောင်္ကျားဖြစ်သူမှ… See more

Zawgyi

မီးဖုတ်တဲ့ကိစ္စဖြင့် လင်မယားချင်းစကားများရာမှ ဇနီးဖြစ်သူအား ယောင်္ကျားဖြစ်သူမှ… See more

မွန်ပြည်နယ်၊ ရေးမြို့ လမိုင်းနယ်မြေရဲစခန်းပိုင် ဝယ်ဖယ်ကျေးရွာ တောင်ခြေအနီး ရာဘာထင်းခြံအတွင်း ယမန်နေ့ည ၇ နာရီလောက်က မီးသွေးဖုတ်ရာ အလုပ်လုပ်တဲ့ အလုပ်သမား

မင်းသူနဲ့ ဇနီး မလှရီတို့ စကားများရန်ဖြစ်မိရာမှာ လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။အခင်းဖြစ်တဲ့နေ့က လင်မယားနှစ်ဦးလုံး အရက်သေစာ အတူသောက်စားထားကြကာ မီးသွေးအိတ်မီးလောင်တဲ့ကိစ္စ စကားပြောဆိုရာနေ စကားများရန်ဖြစ်ကြပြီး

မင်းသူက ဇနီးဖြစ်သူအား ထင်းခုတ်ဓားနဲ့ ခုတ်လို့ ဦးခေါင်းနောက်ဘက် ဓားဒဏ်ရာဖြင့်လဲကျသေဆုံးခဲ့ပြီး မင်းသူကတော့ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်သွားတဲ့ မင်းသူကို ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးရာမှာ ယနေ့မွန်းလွဲ ၂ နာရီ ၁၀ မိနစ် အချိန်က နှစ်ကရင်ကျေးရွာ ဘူတာအနီး ရထားသံလမ်းအကူးမှာ ဖမ်းဆီးမိခဲ့ပါတယ်လို့ ဆိုပါတယ်။

 

ဖြစ်စဉ်များနဲ့ ပက်သက်လို့ ရဲအုပ်လင်းသူဇော်က တရားလိုပြုလုပ်တိုင်တန်းကာ လမိုင်းနယ်မြေ ရဲစခန်း (ပ)၁၅ရာဇာသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားရှိပြီး မင်းသူအား အသေးစိတ်စစ်ဆေးနေတယ်လို့ သိရပါတယ်။

နေမျိုးထွဋ်

Unicode

မီးဖုတ်တဲ့ကိစ္စဖြင့် လင်မယားချင်းစကားများရာမှ ဇနီးဖြစ်သူအား ယောင်္ကျားဖြစ်သူမှ… See more

မွန်ပြည်နယ်၊ ရေးမြို့ လမိုင်းနယ်မြေရဲစခန်းပိုင် ဝယ်ဖယ်ကျေးရွာ တောင်ခြေအနီး ရာဘာထင်းခြံအတွင်း ယမန်နေ့ည ၇ နာရီလောက်က မီးသွေးဖုတ်ရာ အလုပ်လုပ်တဲ့ အလုပ်သမား

မင်းသူနဲ့ ဇနီး မလှရီတို့ စကားများရန်ဖြစ်မိရာမှာ လူသတ်မှုဖြစ်ပွားခဲ့ပါတယ်။အခင်းဖြစ်တဲ့နေ့က လင်မယားနှစ်ဦးလုံး အရက်သေစာ အတူသောက်စားထားကြကာ မီးသွေးအိတ်မီးလောင်တဲ့ကိစ္စ စကားပြောဆိုရာနေ စကားများရန်ဖြစ်ကြပြီး

မင်းသူက ဇနီးဖြစ်သူအား ထင်းခုတ်ဓားနဲ့ ခုတ်လို့ ဦးခေါင်းနောက်ဘက် ဓားဒဏ်ရာဖြင့်လဲကျသေဆုံးခဲ့ပြီး မင်းသူကတော့ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်သွားတဲ့ မင်းသူကို ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးရာမှာ ယနေ့မွန်းလွဲ ၂ နာရီ ၁၀ မိနစ် အချိန်က နှစ်ကရင်ကျေးရွာ ဘူတာအနီး ရထားသံလမ်းအကူးမှာ ဖမ်းဆီးမိခဲ့ပါတယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်များနဲ့ ပက်သက်လို့ ရဲအုပ်လင်းသူဇော်က တရားလိုပြုလုပ်တိုင်တန်းကာ လမိုင်းနယ်မြေ ရဲစခန်း (ပ)၁၅ရာဇာသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားရှိပြီး မင်းသူအား အသေးစိတ်စစ်ဆေးနေတယ်လို့ သိရပါတယ်။

နေမျိုးထွဋ်


Leave a Reply

Your email address will not be published.