ဖခင်အရင်းက သမီးအရင်းကို လုပ်ရက်လိုက်တာ See More

ဖခင်အရင်းက သမီးအရင်းကို လုပ်ရက်လိုက်တာ See More











Unicode

ဖခင်က သမီးအရင်းကို “ နှမ်းခင်းအတွင်းပစ္စည်းသွားယူဖို့ အဖော်လိုက်ခဲ့ဖို့ ”ပြောရာမှ… See more

ကယားပြည်နယ်၊ဘော်လခဲမြို့နယ်တွင် ဖခင်က သမီးအရင်းကို နှမ်းခင်းအတွင်း အဓမ္မပြုကျင့်ခဲ့သည်ဆိုမှုကို ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

နံနက် ၉ နာရီအချိန်ခန့်တွင်ကယားပြည်နယ်၊ဘော်လခဲမြို့နယ်၊ရွာသစ်နယ်မြေနေ ပသက် (၁၇)နှစ်အရွယ်

အမျိုးသမီးငယ်သည် နေအိမ်တွင်ရှိနေစဉ်ဖခင်ဖြစ်သူ ဘောစကို(၄၆)နှစ်က အဒေါ်၏နှမ်းခင်းတွင်ေ

ပါက်တူးပေါက်ပြားများကျန်ခဲ့၍အတူဝိုင်းကူသယ်ယူရန်ခေါ်သဖြင့်ဖခင်နှင့်အတူဆိုင်ကယ်ဖြင့်လိုက်ပါခဲ့သည်။

နှမ်းခင်းရှိရာအရောက်တွင် ဖခင်မှနောက်မှသိုင်းဖက်ပြီး အတင်းအဓမ္မသားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်းသိရသည်။

ထို့ကြောင့် ကျူးလွန်သူ ဖခင်အား အရေးယူပေးပါရန် တိုင်ကြားခဲ့သည်။

အခင်းဖြစ်ပြီး ၁၀ ရက်ခန့်ကြာမှ တိုင်ကြားရခြင်းမှာ တရားလိုသမီးငယ်သည် ကျူးလွန်သူ ဖခင်နှင့် နှစ်ယောက်ထဲနေထိုင်ကြောင်းသိရပြီး ငယ်ရွယ်သူဖြစ်နေသောကြောင့်လည်းကောင်း၊

မည်သို့တိုင်တန်းရမည်ကို မသိ၍ပတ်ဝန်းကျင်မှအကူညီရှာဖွေနေသောကြောင်းလည်းကောင်း တိုင်တန်းချိန်ကြန့်ကြာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ရွာသစ်ရဲစခန်းက(ပ) ၂ပုဒ်မ-၃၇၆ ဖြင့် ပြစ်မှုကျူးလွန်သူ ဘောစကိုအား ဖမ်းဆီးအရေးယူထားသည်။

credit#


Leave a Reply

Your email address will not be published.