မန္တလေးမှာ ယနေ့ ည(၇)နာရီဝန်းကျင်က ချိန်းတွေ့နေတဲ့ သမီးရည်းစားနှစ်ဦးထံကို လူ(၃)ဦးမှSee more

မန္တလေးမှာ ယနေ့ ည(၇)နာရီဝန်းကျင်က ချိန်းတွေ့နေတဲ့ သမီးရည်းစားနှစ်ဦးထံကို လူ(၃)ဦးမှSee more

မန္တလေးမှာ ယနေ့ ည(၇)နာရီဝန်းကျင်က ချိန်းတွေ့နေတဲ့ သမီးရည်းစားနှစ်ဦးထံကို လူ(၃)ဦးမှSee more

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၃၅)လမ်းနှင့် (၃၄)လမ်းကြား သင်္ဂဇာချောင်းဘေးမှာ ဒီကနေ့ ညဦးပိုင်း (၇)နာရီဝန်းကျင်က

သမီးရည်းစား ချိန်းတွေ့နေချိန် ဓားထိုးလုယက်ခံရပြီး အမျိုးသားဖြစ်သူ သေဆုံးကာ ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံလိုက်ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

Credit

ဒီကနေ့ မေ(၂၆)ရက် ည(၇)နာရီဝန်းကျင်က ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက်၊ သင်္ဂဇာချောင်း နောက်ဘက်ခြမ်းမှာ

 

 

သမီးရည်းစား ချိန်းတွေ့နေချိန် လူသုံးဦး ရောက်လာပြီး ဓားနှင့်ထိုးကာ ဆိုင်ကယ်နှင့် ဖုန်းတွေ လုယက်သွားတာလို့ ဆိုပါတယ်။အဲ့ဒီ ဖြစ်စဉ်မှာ လူသတ်လုယက်ပြီး ထွက်ပြေးသွားသူ သုံးဦးကတော့ လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

“သင်္ဂဇာချောင်းဘေး သကြားဒိုင်တွေဘက်မှာ ဓားထိုးပြီး အလုခံရတာ။ ဆေးရုံပို့ပေမယ့် ကောင်လေးက ဆုံးသွားတယ်” လိ့ နီးစပ်သူ တစ်ဦးက MFP ကို ပြောပါတယ်။

လုယက်ခံရပြီး ဓားထိုးခံရလို့ သေဆုံးသူဟာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မြောက်ပြင်ရပ်မှာ နေထိုင်တဲ့ အသက်(၂၂)နှစ်အရွယ် ကိုမိုးထက်အောင် ဆိုသူ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့မှု လုယက်မှု၊ လုယက်သတ်ဖြတ်မှု၊ ဓားပြမှု၊ ခိုးယူမှု၊ လောင်းကစားမှုတွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေထဲက ခိုး၊ ဆိုး၊ လု၊ နှိုက်၊ လူသတ်၊ မုဒိန်း စတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်လို့ ထောင်ကျနေတဲ့ နှစ်ကြီးရာဇဝတ် အကျဉ်းသား ထောင်သောင်းချီကာ ပြန်လွှတ်ပေးခဲ့ပါတယ်

Credit Original writer


Leave a Reply

Your email address will not be published.